#Local_News
Published_ 6 July 2023


မြန်မာနှင့် တောင်ကိုရီးယားတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအတွက် ဇူလိုင် ၅ ရက်တွင် ဆိုးလ်မြို့၌ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

 

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်၏ စီစဉ်မှုဖြင့် 2023 Asian Business Summit သို့ တက်ရောက်နေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် ဒုတိယဥက္ကဋ္ဌဒေါက်တာဝင်းစည်သူတို့သည် ကိုရီးယားသမ္မတနိုင်ငံ၊ Korea Foods Industry Development Association ဥက္ကဋ္ဌ Mr. Christophe Kim နှင့် မြန်မာသံရုံး၌တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရေး ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။

 

ထိုသို့ဆွေးနွေးရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များအား ကိုရီးယားနိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရေး၊ လယ်ယာထွက်ကုန်များဝယ်ယူတင်သွင်းရေးတို့နှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ ကိုရီးယားစီးပွားရေးကိုယ်စားလှယ်အဖွဲ့ လာမယ့် နိုဝင်ဘာလတွင် သွားရောက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။

 

#ygm_mnn #Local_News #မြန်မာနှင့်တောင်ကိုရီးယားတို့အကြားကုန်သွယ်မှု
#Yangon_Media_Group