#Local_News
Published 6 July 2033

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် ဇူလိုင်လ ၆ ရက်(ယနေ့)နံနက်ပိုင်းက ယာဥ်တိုက်မှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆ ဦးရှိခဲ့ကြောင်း Ambulance Free Services Group မှ ဦးလှိုင်ဝင်းက၎င်း၏လူမှုကွန်ရက်က တစ်ဆင့်အသိပေးထားသည်။

 

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ရွှေလီလမ်းနဲ့ မြနန္ဒာလမ်းထောင့်တွင် မြေကြီးသည်ယာဥ်နှင့် ​Light Truck ကားတို့ နံနက် ၁၀ နာရီအချိန်ခန့်က ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

 

အဆိုပါယာဥ်တိုက်မှုကြောင့် Light Truck ကားတိမ်းမှောက်ခဲ့၍ ယာဥ်ပေါ်ပါ အမျိုးသား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

"ယာဥ်ပေါ်ပါသူ ၇ ဦးမှာ ၆ ဦးထိခိုက်ဒဏ်ရာရပါတယ်။ ဦးခေါင်း ဒဏ်ရာရရှိသူ ၄ ဦးနဲ့ သွေးထွက်ဒဏ်ရာရရှိသူ ၂ ဦးရှိပါတယ်"ဟု ဆိုသည်။

 

ထိခိုက်ဒဏ်ရာရရှိသူများကို5B ပရဟိတအဖွဲ့ လူနာတင်ယာဥ်​ဖြင့် စံပြဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။


#Local_News #Light Truckနဲ့မြေသယ်ယာဥ်တိုက်မိ
#Yangon_Times/BM