Published 30 October 2021

စစ်ရေယာဉ်တည်ဆောက်ရေး နည်းပညာပိုင်းတွင် ရုရှားနဲ့မြန်မာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို နှစ်နိုင်ငံတပ်မတော် ထိပ်တန်းခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရောက်ရှိနေတဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယရေတပ်ဦးစီးချုပ် Vice Admiral Vladimir Lvovichkasatonov ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားစစ်ရေယာဉ် Gremyashiy ပေါ်မှာ အောက်တိုဘာလ ၂၉ရက်နေ့ ကလက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံရေတပ် နှစ်ရပ်အကြား ရေကြောင်းလုံခြုံရေးဆိုင်ရာနည်းပညာနဲ့ သတင်းအချက်အလက်တွေ ဖလှယ်ရေးဆိုင်ရာ ကို ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITTတံတားမှာ ဆိုက်ကပ်ထားတဲ့ စစ်ရေယာဉ်Gremyashiyပေါ်ရှိ အစည်းအဝေးခန်းမမှာ တပ်မတော်ကာကွယ်ရေးဦးစီးချူပ်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယရေတပ်ဦးစီးချုပ်ဦးဆောင်သည့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံရာမှာ ပြောဆိုဆွေးနွေးခဲ့တာဖြစ်တယ် လို့သိရပါတယ်။

တွေ့ဆုံရာမှာ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်ခြင်းဖြင့် နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြားခ ျစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှုများကို ပိုမိုခိုင်မြဲစေနိုင်သည့်အတွက် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်စေလွှတ်ပေးနိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော် (ရေ)နှစ်ရပ်အကြား ရေကြောင်းလုံခြုံမှုဆိုင်ရာနည်းပညာနှင့် သတင်းအချက်အလက်များ ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

ဒါ့အပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချူပ် ကို   ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယရေတပ်ဦးစီးချုပ်နှင့် စစ်ရေယာဉ်မှူးတို့ကGremyashiyစစ်ရေယာဉ်ရဲ့ စက်ပိုင်းဆိုင်ရာနဲ့ တပ်ဆင်ထားသည့် ကာကွယ်ရေးဆိုင်ရာလက်နက်များ၏ စွမ်းရည်များ၊ ရာသီဥတုဆိုးရွားမှုဒဏ်ခံနိုင်ရေးအတွက် ခေတ်မီစနစ်များ တပ်ဆင်ထားရှိတဲ့အခြေအနေများ၊ အရေးပေါ်အခြေအနေတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိတဲ့ အခြေအနေတွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

 ရုရှားတပ်မတော်ကစစ်ရေယာဉ် Gremyashiy သည် အောက်တိုဘာ ၂၈ ရက် ညပိုင်း တွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားသို့‌ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ချစ်ကြည်ရေးခရီးစဉ်အဖြစ် သုံးရက်ကြာနေထိုင်သွားမည်ဖြစ်တယ်လို့ သိရပါတယ်။