Published - 30 Oct 2021

ပြီးခဲ့တဲ့ ၂၀၂၀ပြည့်နှစ် မတ်လက ကိုဗစ်ကြောင့် ပိတ်ထားခဲ့ရတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့က ဗုဒ္ဓပြတိုက်နဲ့ ယဉ်ကျေးမှုပြတိုက်တွေကို အောက်တိုဘာလ (၂၈)ရက်နေ့က ပြန်ပြီး ဖွင့်ခဲ့တာပါ။အခုဆိုရင် ကိုဗစ်စည်းကမ်းတွေကိုလိုက်နာပြီး လာရောက်လေ့လာသူတွေလည်း ရှိနေပြီလို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန စစ်တွေ ဌာန(ခွဲ)ရဲ့ ညွန်ကြားရေးမှူး ဦးကြည်ခင်ကပြောပါတယ်။

#Yasngon_Media_Group