#Local_News
Published_15 June 2023

တပ်မတော်(လေ)မှ လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး လေ့ကျင့်ပျံသန်းရေးဆောင်ရွက်စဉ် စက်ချို့ယွင်းပျက်ကျ၍ တပ်မတော်သားနှစ်ဦး ကျဆုံးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

 

ယနေ့ ဇွန်လ ၁၅ ရက် နံနက်ပိုင်းက ရဟတ်ယာဉ်မှူးတစ်ဦးနှင့် သင်တန်းသားတစ်ဦးလိုက်ပါ၍ နေပြည်တော်မှ မိတ္ထီလာသို့ လေ့ကျင့်ပျံသန်းလေ့ကျင့်နေသောတပ်မတော်(လေ)မှ လေ့ကျင့်ရေးရဟတ်ယာဉ်မှာ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ လယ်ဒါကြီး ကျေးရွာ၏ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာသို့ အရောက်၌ ရုတ်တရတ် စက်ချို့ယွင်းမှု ဖြစ်ပေါ်ကာ မြေပြင်သို့ ပြုတ်ကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

 

အဆိုပါ ဖြစ်စဉ်ကြောင့် ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသည့် ရဟတ်ယာဉ်မှူးနှင့် သင်တန်းသားတို့ ကွယ်လွန်ကာ ရဟတ်ယာဉ်ပျက်စီးခဲ့ရကြောင်း၊ ရုပ်အလောင်းများကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ ဆက်လက်ပို့ဆောင်ကာ လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

 

#ymg/BM #Local_News #စက်ချို့ယွင်းပျက်ကျ၍ နှစ်ဦးကျဆုံး
#YMG #Yangon_Media_Group