#Local_News
Published-15 June 2023

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် လမ်းမြောင်းများတူးဖော်နေသော ယာယီအလုပ်သမားတဲကို ကွန်တိန်နာကားတစ်စီး ဝင်တိုက်ခဲ့ပြီး အနီးရှိသစ်ပင်လဲကျကာ သစ်ပင်ပိ၍ အမျိုးသား၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအသင်းက သိရသည်။

 

ဇွန်လ ၁၄ ရက် ညပိုင်းက လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမပေါ်ရှိ ရွှေသံလွင်ဘုရားအနီး ကွန်တိန်နာကားတစ်စီး လမ်းချော်၍ ယာယီအလုပ်သမားတဲကို ဝင်တိုက်ခဲ့ပြီး အနီးရှိသစ်ပင်လဲကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

"မိုးကလည်းရွာတာဆိုတော့ ကွန်တိန်နာကားက စလစ်ဖြစ်ပြီး ဝင်တိုက်တာ။ လူ၂ဦးဒဏ်ရာရတယ်"ဟုရပ်ကွက်နေသူ တစ်ဦးကဆိုသည်။

 

ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား၂ဦးကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့​ကြောင်းလည်း မာဃရိပ်ငြိမ်လူမှုကူညီကယ်ဆယ်​ရေးအသင်းက သိရသည်။

 

#ymg/BM #Local_News #ယာယီအလုပ်သမားတဲကိုကွန်တိန်နာကားဝင်တိုက်မိ
#YMG #Yangon_Media_Group