Published 29 October 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ နာယကတစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်ကို နေပြည်တော်၊ အထူး တရားရုံးက အောက်တိုဘာ ၂၉ ရက်ယနေ့မှာထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန် အမိန့်ချလိုက်တယ်လို့သိရပါတယ်။

နစက ကဦးဝင်းထိန်ကို နိုင်ငံရေးဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး သတင်းဌာနများသို့ပြောကြားမှုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်တွေအပေါ် ပြောဆိုမှုတွေရေးသားခဲ့တဲ့ စာထုတ်ပြန်ခဲ့တာကြောင့် ထိန်းသိမ်းခဲ့ကာ ပုဒ်မ ၁၂၄ (က)ဖြင့် တရားစွဲဆိုခံခဲ့ရပြီးနောက်ယနေ့မှာ ထောင်ဒဏ် အနှစ်၂၀ကျခံစေရန် ဒက္ခိအထူးတရားရုံးက အမိန့်ချမှတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

"သက်ဆိုင်ရာဝန်ကြီးဌာန၏ ဖြေကြားချက်အရ ဦးဝင်းထိန် အားထောင်ဒဏ်နှစ်၂၀ ချမှတ်သည်ဆိုသည်မှာ မှန်ကန်ပါသည်။" လို့လည်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က အတည်ပြုထားပါတယ်။

ဦးဝင်းထိန်မှာ တပ်မတော်သားဟောင်းတစ်ဦးဖြစ်ပြီး တပ်မတော်မှ တာဝန်များရုတ်သိမ်းခံရပြီးနောက် NLDတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲတွင် မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်ကနေ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၂၀၂၀အထွေထွေရွေးကောက်ပွဲမတိုင်မီ NLD နာယကအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့ပြီး ယခုချိန်တွင် ဦးဝင်းထိန်မှာအသက်၈၀ အရွယ်ရှိပြီဖြစ်ပါတယ်။