#Local_News
Published-8 June2023


တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ပံ့ပိုးကူညီသော ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေ (Doses) ၃ သန်း  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီဖြစ်​ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက(ယနေ့)ထုတ်ပြန်ထားသည်။

 

ဇွန်လ ၇ ရက်တွင် ကာကွယ်ဆေးအကြိမ်ရေ(Doses)၃ သန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေ ၆၄ သန်းနှင့် ကပ်ရောဂါကာကွယ်ရေးပစ္စည်းအများအပြားကို တိုက်ရိုက် သို့မဟုတ် တစ်ဆင့်ခံ ပံ့ပိုးပေးခဲ့ပြီးဖြစ်ကြောင်း သံရုံး၏စာရင်းများအရ သိရသည်။

 

မြန်မာနိုင်ငံအစိုးရသည် ကိုဗစ်-၁၉ ကာကွယ်ဆေးများ နောက်ထပ်အကူအညီပေးရန် တရုတ်နိုင်ငံသို့ တောင်းဆိုခဲ့ပြီး အဆိုပါကာကွယ်ဆေးများကို သက်ကြီးရွယ်အိုများ စသည့်အားနည်းသောအုပ်စုများအတွက် အသုံးပြုနိုင်ရန် မျှော်လင့်ထားကြောင်းလည်း သံရုံးကထုတ်ပြန်ထားသည်။

 

#ymg/BM #Local_News #ကိုဗစ်-၁၉ ကာကွယ်ဆေး၃သန်းရန်ကုန်သို့ရောက်ရှိ၊
#YMG #Yangon-Media-Group