#Local_News
Published_ 6 June 2023


နိုင်ငံတော်သံဃနာယကအဖွဲ့ဥက္ကဋ္ဌအဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၊ ဗန်းမော်ဆရာတော်ဘုရားကြီးဘဝနတ်ထံပျံလွန်တော်မူခြင်းအတွက် သီရိလင်္ကာ၊ တရုတ်၊ ထိုင်း၊ ဂျပန်နှင့်နီပေါနိုင်ငံရှိ အဖွဲ့အစည်းများမှဝမ်းနည်းကြောင်း သဝဏ်လွှာများပေးပို့ခဲ့ကြောင်း သိရသည်၊၊

 

သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ်၊ပုပ်ရဟန်းမင်းကြီးဖရန်စစ်၊ တရုတ်ဗုဒ္ဓဘာသာအဖွဲ့ ၊ထိုင်းသံဃာ့ကောင်စီဥက္ကဌ ဆရာတော်၊ ယူနန်ဗုဒ္ဓဘာသာအဖွဲ့၊ ဂျပန်ဗုဒ္ဓဘာသာ ညီလာခံအဖွဲ့၊ မြန်မာတရုတ်ဗုဒ္ဓဘာသာယဥ်ကျေးမှုမြှင့်တင်ရေးအဖွဲ့၊ နီပေါဘိက္ခုနီအသင်း၊ မြန်မာနိုင်ငံဆိုင်ရာသီရိလင်္ကာသံအမတ်ကြီး အပါအဝင်ပြည်တွင်းပြည်ပမှအဖွဲ့အစည်း(၁၆)ဖွဲ့တို့မှ ဝမ်းနည်းကြောင်း သဝဏ်လွှာများပေးပို့ခဲ့ကြသည်၊၊

 

ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဈာပနအခမ်းအနားကို ဇွန်လ(၆)ရက်နေ့လည်ပိုင်းတွင် ကျင်းပခဲ့ပြီး သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ သာသနာတော်အတွက်ဆုံးရှုံးမှုဖြစ်၍ အထူးပင်ဝမ်းနည်းကြောင်း လျှောက်ထားခဲ့သည်၊၊

 

ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမ ဈာပနအခမ်းအနားနှင့်အရိုးဓာတ်ပြာတော် ရေမျှောအခမ်းအနားကိုနိုင်ငံတော် အဆင့်ဖြင့်လျော်ညီစွာ ကျင်းပလျက်ရှိပြီး TV Channelများတွင်လည်း တိုက်ရိုက်ပြသလျက်ရှိကြောင်း သိရသည်၊၊

 

#ymg/tthl #Local_News #သီရိလင်္ကာ၊တရုတ်၊ ထိုင်း၊ ဂျပန်၊ နီပေါ #ဝမ်းနည်းကြောင်း သဝဏ်လွှာများပေးပို့ #YMG #Yangon_Media_Group