Published 29 October 2021

အာဆီယံဥက္ကဋ္ဌတာဝန်ကိုအလှည့်ကျထမ်းဆောင်တော့မယ့် ကမ္ဘောဒီးယားက မြန်မာစစ်အစိုးရကို အတိုက်အခံတွေနှင့် ဆွေးနွေးဖို့အတွက် တွန်အားပေးသွားမယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ကြာသပတေးနေ့မှာ ပြောတယ်လို့ရိုက်တာကရေးသားပါတယ်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်က မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ဖြစ်လုနီးဖြစ်နေပြီလို့ သတိပေးလိုက်ပြီး သူတို့ဥက္ကဋ္ဌတာဝန်ယူမယ့် နောက်နှစ်ဆန်းမှာအလုပ်စလုပ်နိုင်အောင်  မြန်မာနိုင်ငံဆဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်သစ်တစ်ဦးကို ကမ္ဘောဒီးယားကခန့်အပ်မယ်လို့ သူကပြောလိုက်ပါတယ်။

လက်ရှိအီရီဝန်ယူဆော့ဖ်ဟာ ပြီးဆုံးတော့မယ့် အာဆီယံဥက္ကဋ္ဌဘရူးနိုင်းကို ကိုယ်စားပြုခန့်အပ်ခဲ့တာဖြစ်ပါတယ်။

“ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ ပြည်တွင်းရေးကို မစွက်ဖက်ရေးမူကို လေးစားရင်းနှင့်ပဲ မြန်မာနိုင်ငံရဲ့အခြေအနေဟာ စိုးရိမ်ပူပန် စရာဆက်လက်ဖြစ်လာနေတယ်” လို့ ဆိုခွန်က ရိုက်တာကိုပြောပါတယ်။

“ဒါဟာ အာဆီယံဒေသ၊အဖွဲ့ရဲ့ ယုံကြည်တန်ဖိုးထားမှုနှင့် ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေဖြစ်တဲ့ မြန်မာပြည်သူပြည်သားတွေအပေါ် ဆိုးကျိုးရိုက်ခတ်ခဲ့တယ်” လို့ သူကပြောပါတယ်။

အီရီဝန်ကို သက်ဆိုင်ပတ်သက်သူတွေအားလုံးနှင့်တွေ့ဆုံပေးဖို့ စစ်အစိုးရကခွင့်မပြုခဲ့တာကြောင့် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကို တားဆီးခဲ့မှုအပေါ် ကမ္ဘောဒီးယားကလည်း ထောက်ခံခဲ့တယ်လို့ သူကပြောပါတယ်။

ဒါပေမယ့်  ဗိုလ်ချူပ်(မှူး)ကြီးကို ဆက်ပြီးဖယ်ထားဦးမှာလားဆိုတာကတော့ ဒီအချိန်မှာ ပြောဖို့ဆိုဖို့ မသင့်သေးဘူးလို့ သူက ဆက်ပြောပါါတယ်။

“ အရာကိစ္စတိုင်းဟာ ဆင့်ကဲပြောင်းလဲနေကြတယ်။ မြန်မာအပေါ်အများကြီးမူတည်တယ်” လို့ သူကဆိုပါတယ်လို့ ရိုက်တာက ရေးသားပါတယ်။

Source Reuters