#Local_News
Published-5 June2023

မန္တလေးတိုင်း၊ မိတ္ထီလာတွင် မေလ ၅ ရက်ကဆိုင်ကယ်ခိုးလာသူက လမ်းဘေးတွင်စျေးရောင်းနေသူထန်းသီးသည်အမျိုးသမီးကြီးကို ဝင်တိုက်၍ ထွက်ပြေးသွားခဲ့ကြောင်း ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းက သိရသည်။

 

မိတ္ထီလာမြို့ စက်မှုဇုန် (၃) လမ်းထိပ်မှ ဆိုင်ကယ်အား ခိုးယူလာသူ အမျိုးသားသည်  သဲကုန်းအနီးတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် စျေးရောင်းနေသူ ထန်းသီးသည်အမျိုးသမီးကြီးအား ဝင်တိုက်မှုဖြစ်ခဲ့ကြောင်း သိရသည်။

 

ယင်းကဲ့သို့ ဆိုင်ကယ်တိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဆိုင်ကယ်ခိုးသူသည် ဆိုင်ကယ်ထားခဲ့ပြီး အဖော်ပါလာသည့် ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားကြောင်း ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းက သိရသည်။

 

ဆိုင်ကယ်တိုက်ခံရသူ ထန်းသီးသည်အမျိုးသမီးကြီးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာများဖြင့် သတိလစ်နေ၍ လိုအပ်သည်များပြုစု၍ သတိပြန်ရလာချိန်တွင်
​ပြည်သာယာ လူငယ်လူမှုကူညီရေးအသင်းလူနာတင်ကားဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

 

#ymg/BM #Local_News #မိတ္ထီလာ #ဆိုင်ကယ်ခိုးလာသူထွက်ပြေး
#YMG #Yangon_Media_Group