#Local_News
Published_5 June 2023


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြိုနယ် ဝမ်လုံးရွာ အဝင်လမ်းမဘေးတွင် မေလ ၄ရက်နေ့ညပိုင်းက အမျိုးသားတစ်ဦး ဦးခေါင်း၌ ဒဏ်ရာများဖြင့်သေဆုံးလျှက်ရှိကြောင်း ဦးလှမိုး တာချီလိတ် လူမှုကူညီရေးအဖွဲ့မှ သိရသည်။

 

တာချီလိတ်မြို ဝမ်လုံးရွာ အဝင်လမ်းမဘေးတွင် လူ ၁ ဦး ဦးခေါင်းထိခိုက်ဒဏ်ရာများဖြင့် သေဆုံးနေသည့်အတွက် ပတ်ဝန်းကျင်မှ ပြည်သူများက အကူညီတောင်းခံလာခဲ့သည့်အတွက်သွားရောက်အကူညီပေးခဲ့ အဆိုပါပရဟိတအသင်းမှ တာဝန်ခံတစ်ဦးကပြောသည်။

 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ကျ ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ အကြောင်းကြားပြီး ဦးခေါင်ကွဲဒဏ်ရာဖြင့် သေဆုံးနေသော အသက် (30)ကျော်အမျိုးသား၏ ရုပ်အလောင်းအား တာဝန်ရှိသူများစစ်ဆေးပြီးသည်နှင့် တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#ymg/ynzw #Local_News #ဦးခေါင်းထိခိုက်ဒဏ်ရာများဖြင့်သေဆုံး
#YMG #Yangon_Media_Group