#LocalNews

Published - 28 Oct 2021

ရှမ်းလက်နက်ကိုင် တပ်ဖွဲနှစ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPPSSA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်(RCSS/SSA)တို့ အကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ရဟန်းသံဃာများပါ စစ်ဘေးတိမ်းရှောင်နေရပြီး တပ်ဖွဲ့နှစ်ဖွဲ့အကြား ပြဿနာများကို မြန်ဆန်စွာဆွေးနွေးညှိနှိင်း ဖြေရှင်းကြရန် ရှမ်းပြည်သံဃာနှင့် ပြည်သူ့ငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SPB)က အောက်တိုဘာ ၂၇ ရက်မှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။