#Local_News
Published_ 27 May 2023

မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်နှင့် Sky Net တို့ ပူးပေါင်းပြီး ရွှေအောင်လံလက်ဝှေ့ပြိုင်ပွဲကို ဒုတိယအကြိမ်အဖြစ် ဇွန်လ ၃ ရက်နေ့တွင် စတင်ကျင်းပမှာဖြစ်ကြောင်း မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်မှသိရသည်။ ယခုဒုတိယအကြိမ်ပြိုင်ပွဲမှာ ဝိတ်တန်း ၄ ခုသတ်မှတ်ထားပြီး ၅၇ ကီလိုတန်း ၊ ၆၀ ကီလိုတန်း၊ ၆၃.၅ကီလိုတန်း၊ ၆၇ ကီလိုတန်းဆိုပြီး ကီလိုတန်း ၄ ခုခွဲထားပြီး တစ်ပွဲလျှင် ၃ မိနစ် ၅ချီ ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ကြောင်းလည်း သိရသည်။

 

အဆိုပါ ရွှေအောင်လံရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် အနိုင်ရရှိသူများ ကို ၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ကြောင်း မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ မန်နေဂျင်း ဒါရိုက်တာ ဦးဝဏ္ဏက ပြောသည်။

 

ဗိုလ်လုပွဲကျင်းပသည့် ဇွန်လ ၁၈ ရက်နေ့တွင် စိန်ခေါ်ပွဲနှစ်ပွဲပါဝင်မှာဖြစ်ပြီးပြိုင်ပွဲပုံစံမှာ အလဲထိုး၊ ဒိုင်ပွဲရပ်နှင့် အမှတ်ပေးနည်းစနစ်ကို ကျင့်သုံးမှာဖြစ်ကြောင်းလည်းသိရသည်။ ယှဉ်ပြိုင်မည့်ဝိတ်တန်းများကို ကွာတားဖိုင်နယ်မှ စတင်ကာရှုံးထွက်စနစ်ကျင့်သုံးမှာဖြစ်ကြောင်းလည်း သိရသည်။

 

ကီလိုအလိုက်ယှဉ်ပြိုင်ထိုးသတ်မည့် ကစားသမား ၂၈ဦးရှိပြီး သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းအလိုက် ကိုယ်စားပြုချန်ပီယံဆုရှင်အပြင် မျိုးဆက်သစ်များလည်းပါဝင်ကြောင်း မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ သိရသည်။

 

#ymg/ynzw #Local_News #ရိုးရာလက်ဝှေ့အဖွဲ့ချုပ် #Sky Net #ရွှေအောင်လံလက်ဝှေ့ပြိုင်ပွဲကျင်းပမည် #YMG #Yangon-Media-Group