#Local_News
Published-27 May2023


ကမ္ဘောဒီးယားနိုင်ငံက မြန်မာနိုင်ငံကို လှူဒါန်းသည့် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်သန်းနဲ့ ဆေးထိုးအပ်တစ်သန်း လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကာကွယ်ဆေးနှင့် ဆေးထိုးအပ်လွှဲပြောင်းပေးခြင်း အခမ်းအနားကို မေ ၂၆ ရက်နံနက်ပိုင်းက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်အရေးကြီးပုဂ္ဂိုလ်များ ဧည့်ခန်းမဆောင်တွင် ကျင်းပခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ရှေးရှု၍ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

 

ယခင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု များခဲ့စဥ်အချိန်ကလည်း  ကမ္ဘောဒီးယားနိုင်ငံက မြန်မာနိုင်ငံ၏ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်ဆေးနဲ့ဆေးပစ္စည်းတွေ၊ လှူဒါန်းငွေများကို ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။

 

#ymg/pl #Local_News #ကိုဗစ်ကာကွယ်ဆေးတစ်သန်းလှူဒါန်း
#YMG #Yangon-Media-Group