#Local_News
Published _27 May 2023

မိုခါ မုန်တိုင်းအလွန် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ဂူဝဘုရား အလွန် ၄ ဖာလုံခန့်အကွာ၊ ရန်ကုန်ဖက်သို့အသွား ရန်ကုန် စစ်တွေ ပြည်ထောင်စုလမ်းမဘေးတွင် စတူပါစေတီများ တွေ့ရှိခဲ့ရကြောင်း သိရသည်။

 

မေလ ၂၆ ရက် ညနေ ၅ နာရီခန့်က ဦးသန်းရွှေကြီးပိုင် တောင်မှ မြေတူးရာစဉ်အမြင့် ၃ ပေခန့်နှင့် ၂ ပေခွဲခန့်ရှိ သဲကျောက်ဖြင့် ထုဆစ်ထားသော စတူပါစေတီ ၄ ဆူ ၊ မပြည့်စုံ‌သည့်အစိတ်အပိုင်းများဖြင့် ၁ ဆူ တို့ကိုတွေ့ရှိခဲ့ရ‌ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် ကျောက်စာအချို့ကိုလည်းတွေ့ရှိရ‌သောကြောင့် ရှေးဟောင်းသုတေသနမှ ကျောက်စာဖတ်ရှုနိုင်သူများ လာရောက်လေ့လာနိုင်ရန်နှင့် ဘုရားဖူးလိုသူများအား
ဖိတ်ခေါ်ထား‌ကြောင်း သိရသည်။

 

#ymg/pl #Local_News #‌စတူပါစေတီများနှင့်ကျောက်စာအချို့တွေ့ရှိ
#YMG #Yangon_Media_Group