#Local_News
Published_ 24 May 2023

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ မြို့မ(၁)ရပ်ကွက်၊ ညောင်လေးပင်-မဒေါက်ကားလမ်းဘေး၊ ကမ္မဌာန်းဘုန်းကြီးကျောင်းအတွင်းရှိ ကျောင်းဆောင်ပေါ်သို့ မေလ ၂၃ရက်နေ့ ညနေ ၆ နာရီကျော်ကခန့်က ကုက္ကိုပင်လဲကျသဖြင့် ဆရာလေးတစ်ပါးနှင့် လူသုံးဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ ဆရာလေးတစ်ပါးနှင့် လူသုံးဦးအနက် ကျောင်းဆောင်အတွင်းတွင် နေထိုင်သော ဆရာလေးတစ်ပါး၊ ကျား(၂)ဦး ၊မ(၁)ဦးအနက် ဆရာလေးတစ်ပါးမှာ ထိခိုက်ဒဏ်ရာရ(ဦးခေါင်းပေါက်)၊ ကျား(၂)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)၊ မ(၁)ဦး(သေဆုံး)ခဲ့ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်ကို သတင်းရရှိသဖြင့် ညောင်လေးပင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှာ ထုတ်ပြန်ထားသည်။

 

ထိခိုက်ဒဏ်ရရှိသူများနှင့် သေဆုံးသူများအား စေတနာလူမှုကူညီရေး အသင်းယာဉ်ဖြင့် ညောင်လေးပင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#ymg/ynzw #Local_News #ဘုန်းကြီးကျောင်း #ကျောင်းဆောင်ပေါ်ကုက္ကိုပင်လဲကျ
#YMG #Yangon-Media-Group