#Local_News
Published _ 24 May 2023


(၇၅)ကြိမ်မြောက် စိန်ရတုတိပိဋကဓရတိပိဋကကောဝိဒစာအောင် သာသနာ့အာဇာနည် အရှင်သူမြတ် ၁၅၂ ပါး တို့အား အောင်လက်မှတ်နှင့်ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲကို မေ ၂၃ တွင် ကျင်းပခဲ့ပါတယ်။

 

အဆိုပါအခမ်းအနားသို့ နစက ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတက်ရောက်၍ တိပိဋကဓရတိပိဋကကောဝိဒစာအောင် သာသနာ့အာဇာနည် အရှင်သူမြတ်တို့အား အောင်လက် မှတ်နှင့်ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

 

(၇၅)ကြိမ်မြောက် စိန်ရတု တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် သုတ္တန္တပိဋက ဒီဃနိကာယ်ရေးဖြေအောင် ဒီဃနိကာယကောဝိဒ ဘွဲ့ရသာသနာ့ အာဇာနည်အရှင်မြတ် ၃ ပါး၊ ဝိနယပိဋက ဝိနည်းတစ်ပုံရေးဖြေအောင် ဝိနယ ကောဝိဒဘွဲ့ရ သာသနာ့အာဇာနည်အရှင်မြတ် ၈ ပါး၊ ဝိနယပိဋက ဝိနည်း(ပထမပိုင်း) ရေးဖြေအောင် ဉဘတောဝိဘင်္ဂကောဝိဒဘွဲ့ရ သာသနာ့အာဇာနည်အရှင်မြတ် ၇ ပါး၊ အဘိဓမ္မဝိဋက အဘိဓမ္မာ (ပထမပိုင်း)ငါးကျမ်းအာဂုံအောင် မူလအာဘိဓမ္မိကဘွဲ့ရ သာသနာ့အာဇာနည်အရှင်မြတ် ၄ ပါး၊ သုတ္တန္တပိဋက ဒီဃနိကာယ်အာဂုံအောင် ဒီဃဘာဏကဘွဲ့ရ သာသနာ့အာဇာနည် အရှင်မြတ် ၈ ပါး၊ ဝိနယပိဋက ဝိနည်း(ဒုတိယပိုင်း) အာဂုံအောင် ဝိနယဓရဘွဲ့ရ သာသနာ့အာဇာနည် အရှင်မြတ် ၃၇ ပါး၊ ဝိနယပိဋကဝိနည်း(ပထမပိုင်း) အာဂုံအောင် ဉဘတော ဝိဘဂံဓရဘွဲ့ရ သာသနာ့အာဇာနည်အရှင်မြတ် ၈၅ ပါး ၊ စုစုပေါင်း ၁၅၂ ပါး အောင်မြင်တော်မူခဲ့ပါတယ်။

 

ယခုကျင်းပပြီးစီးခဲ့သည့် (၇၅)ကြိမ်မြောက် စိန်ရတုတိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲအထိ (၇၅) နှစ်တာကာလအတွင်း တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်သူမြတ်(၁၅)ပါး၊ တိပိဋကဓရ ပိဋကတ်သုံးပုံအာဂုံ‌ဆောင် သာသနာ့အာဇာနည်အရှင်သူမြတ်(၇)ပါး ပေါ်ထွန်းခဲ့ပြီး သာသနာ့အကျိုးကို ဆက် လက်သယ်ပိုး ဆောင်ရွက်တော်မူလျက်ရှိကြောင်း သတင်းရရှိပါတယ်။

 

#ymg_mnn #Local_News #တိပိဋကဓရတိပိဋကကောဝိဒစာအောင် #အောင်လက်မှတ်နှင့်ဘွဲ့တံဆိပ်တော်များဆက်ကပ်
#YMG #Yangon_Media_Group