#Local_News
Published_ 22 May 2023


လာမည့်ဇွန်လအတွင်း အားအနည်းငယ်မှအား အသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှမေလ(၂၂)ရက်တွင်ထုတ်ပြန် လိုက်သည်၊၊

 

အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှုပုံစံမူမမှန်ခြင်း၊ အပူချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်ခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိသည်ဟု ဆိုသည်၊၊

 

ထုတ်ပြန်ချက်တွင် အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ် ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနေကြောင်း၊

 

နိုင်ငံတကာ မိုးလေဝသဌာနများ ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ဇွန်လအတွင်း အားအနည်းငယ်မှ အား အသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရ သည်ဟုဖော်ပြထားသည်၊၊

 

အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှုပုံစံမူမမှန်ခြင်း၊ အပူချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်ခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိကြောင်း၊ အယ်လ်နီညိုဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမည် ဖြစ်ကြောင်းသိရသည်၊၊

 

#ymg/tthl #Local_News #အယ်လ်နီညို #အပူချိန်မြင့်မားဦးမည်
#YMG #Yangon_Media_Group