#Local_News
Published_ 22 May 2023


ပရဟိတ မင်းသမီးတစ်ဦးဖြစ်သော သရုပ်ဆောင်ခိုင်နှင်းဝေက မိုခါမုန်တိုင်းဘေးသင့်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ ကလေးများအတွက် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများနှင့်အတူ အလှူငွေ ကျပ် သိန်း ၂၀၀ ကို မေ ၂၁ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။

 

သရုပ်ဆောင် ခိုင်နှင်းဝေက ခုနစ်ရက်သားသမီး စုပေါင်းအလှူအဖြစ် ကလေးဝတ်အင်္ကျီ၊ ဘောင်းဘီ၊ အဝတ်အထည်ထည့်ပုံးများအပါအဝင် လိုအပ်သော အသုံးအဆောင်ပစ္စည်းများကို မေ ၂၀ ရက်က လှူဒါန်းခဲ့ခြင်းဖြစ်သည်။

 

ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းသင့်ကလေးများအတွက် ငွေကျပ် သိန်း၂၀၀ နှင့်အတူ ထိန်းသိမ်းစောင့်ရှောက်ရန် အကူအညီလိုအပ်နေသော ကလေးများအတွက် မိဘများကိုယ်စား ခြောက်လအထိ ယာယီထိန်းသိမ်းစောင့်ရှောက်ခြင်းများလည်း စီစဉ်ဆောင်ရွက်ထားကြောင်း သရုပ်ဆောင် ခိုင်နှင်းဝေက ပြောသည်။

 

သရုပ်ဆောင် ခိုင်နှင်းဝေသည် လက်ရှိတွင် ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာကို တည်ထောင်ကာ မိဘမဲ့ကလေးများနှင့် စွန့်ပစ်ခံရသော ကလေးငယ်လေးများအား ပြုစုစောင့်ရှောက်လျက်ရှိသူဖြစ်ပြီး ယခုကဲ့သို့လိုအပ်သော နေရာများ၊ ခက်ခဲနေသော ပြည်သူများအတွက် လှူဒါန်းမှုများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသည်။

 

#ymg/ppk #Local_News #သရုပ်ဆောင်ခိုင်နှင်းဝေ #အလှူငွေကျပ်သိန်း၂၀၀မတည်လှူဒါန်း
#YMG #Yangon-Media-Group