#Local_News
Published_ 22 May 2023

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်အတွင်း မေလ ၂၁ က ဂဠုန်မင်းရွှေဆိုင် ဓါးပြတိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး ပြည်သူများဝိုင်းဝန်းဖမ်းဆီးပေးမူကြောင့် ၂ ဦးဖမ်းမိခဲ့တယ်လို့ ဒေသခံများရဲ့ပြောဆိုချက်အရ သိရသည်။

 

မေလ ၂၁ ရက်နေ့ နေ့လည်ပိုင်းအချိန်က ဖျာပုံမြို့နယ်၊ ၆ရပ်ကွက်ရှိ ဂဠုန်မင်း စိန်၊ ရွှေ ရတနာဆိုင်ကို အမည်မသိလူ ၄ဦးက ဆိုင်ကယ်နှစ်စီးဖြင့် သေနတ်ပစ်ဖောက်ကာ ဓါးပြတိုက်မှုပြလုပ်ခဲ့တာဖြစ်သည်။ ဖမ်းမိသူနှစ်ဦးကို စစ်ဆေးမေးမြန်းမူအရ သံသယ ရှိသူ ၈ဦးကို ထပ်မံဖော်ထုတ် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

 

ဓါးပြမှုကျူးလွန်သူ ၄ဦး ဆိုင်အပြင်သို့ ပြန်ထွက်လာတဲ့အချိန်မှာ အနီးဝန်းကျင်ရှိ ပြည်သူများက ဝိုင်းဝန်းလိုက်လံဖမ်းဆီးခဲ့တာကြောင့် ကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရသည်။

 

ဂဠုန်မင်းရွှေဆိုင် ဓါးပြတိုက်ခံရမှုဖြစ်စဉ်မှာ မည်မျှပါသွားတယ်ဆိုတာကိုတော့ အသေးစိတ်မသိရသေးဘဲ ထွက်ပြေးလွတ်မြောက်နေသူ နှစ်ဦးကို ဖမ်းဆီးရမိရေး ရှာဖွေမှုတွေပြုလုပ်နေကြောင်း သိရသည်။

 

#ymg/ynzw #Local_News #ဖျာပုံမြို့ #ဂဠုန်မင်းရွှေဆိုင်၌ သေနတ်ပစ်ဖောက် ဓါးပြတိုက်
#YMG #Yangon-Media-Group