#LocalNews

Published 26 October 2021

စင်္ကာပူနိုင်ငံသူ နိုလင်းဟေဇာကို ကုလသမဂ္ဂအထွေအထွေအတွင်းရေးမှူချုပ်က သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် တနင်္လာနေ့က ခန့်အပ်လိုက်ပါတယ်လို့ ကုလက ကြေညာပါတယ်။

ကုသသမဂ္ဂရဲ့ သံတမန်ဟောင်းတစ်ဦးဖြစ်တဲ့ ဒေါက်တာဟေဇာဟာ သုံနှစ်ကြာတာဝန်ထမ်းဆောင်ပြီးစိးသွားတဲ့ ခရစ်စတင်းရှရန်နာဘာဂျန်နာနေရာကို အစားထိုးတာဝန်ယူမှာဖြစ်ပါတယ်။

အသက်၇၃နှစ်အရွယ်ရှိ ဒေါက်တာဟေဇာဟာ ကုလသမဂ္ဂမှာ များစွာသော အကြီးတန်းရာထူးတာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ အာရှပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့်လူမှုရေးကော်မရှင်အကြီးအကဲအဖြစ် ၂၀၀၇မှ ၂၀၁၄အထိ၊ အရှေ့တီမောရဲ့ အထူးကိုယ်စားလှယ်အဖြစ် ၂၀၁၃မှ ၂၀၁၅ အထိတာဝန်ယူခဲ့သူဖြစ်ပါတယ်။

သူဟာစီးပွားရေးနှင့်လူမှုရေးကော်မရှင်မှာ တာဝန်ထမ်းဆောင်စဉ် အာဆီယံနှင့်ရော မြန်မာနိုင်ငံအာဏာပိုင်များနှင့်ပါ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းတွေမှာ နီးကပ်စွာ အလုပ်လုပ်ခဲ့သူဖြစ်ပါတယ်။

Source AFP