#Local_News
Published-11 May 2023

မြန်မာနိုင်ငံတွင် လူသန်း ၁၀၀ အတွက် စိုက်ပျိုးမြေလုံလောက်စွာရှိရန် မျှော် မှန်းဆောင်ရွက်ရမည်ဖြစ်သဖြင့် လယ်ယာမြေများကို အခြားနည်းများဖြင့် သုံးစွဲမှုမရှိ စေရေး ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ နဝရတ်ခန်းမ၌ မေလ ၁၀ ရက် ပြုလုပ်သည့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအစည်း အဝေးအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

စက်မှုလယ်ယာစနစ်ကိုအကောင်အထည် ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့် စက်ယန္တရားများကို ပြည်တွင်း၌လုံလောက် စွာထုတ်လုပ်ပြီး အသုံးပြုနိုင်ရန်၊ စက်သုံးဆီဖြင့်အသုံးပြုသည့် စက်ယန္တရား များရှိသကဲ့သို့ လျှပ်စစ်စွမ်းအားဖြင့် အသုံးပြုနိုင်သည့် စက်ယန္တရား များကိုလည်း အသုံးပြုနိုင်ရေး ရေရှည်ဆောင်ရွက်ကြရန်လည်း ယင်းကပြောသည်။

 

လက်ရှိတွင်စိုက်ပျိုးရေးလုပ်ငန်း များအတွက် လူသားအရင်းအမြစ်များလိုအပ်နေသောကြောင့် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးနိုင်မှုအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယင်းမှတစ်ဆင့်ထူးချွန်သူများကို သက်ဆိုင်ရာဘာသာရပ်များအလိုက် အဆင့်မြင့်ပညာများကို ဆက်လက်သင်ကြားနိုင်ရန်၊ လိုအပ်သည့် ဆရာ၊ ဆရာမများ မွေးထုတ်ပေးနိုင်ရန် ၊ထူးချွန် သူများကိုလည်းချီးမြှင့်ပေးရန်တို့ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

 

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် အသိပညာအားနည်းသည်ကိုတွေ့ရှိရသောကြောင့် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေသူများအနေဖြင့်လည်း ပညာရှင်ဆန်ဆန်ရေး သားခြင်း၊ ထုတ်လွှင့်ခြင်းများထက် လူအများနားလည်နိုင်သည့် အသုံးအနှုန်းများဖြင့် ပညာပေးဆောင်ရွက်နိုင်ရန်လိုကြောင်းလည်း နစက ဥက္ကဌက ပြောသည်။

 

ယခုအခါ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး ပြည်နယ်တို့တွင်စိုက်ပျိုးမှုမရှိဘဲကျန် ရှိနေသည့်မြေ ၅ သန်း ၇ သိန်းကျော်ရှိနေကြောင်း နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ နဝရတ်ခန်းမ၌ မေလ ၁၀ ရက် ပြုလုပ်သည့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအစည်း အဝေးအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

လက်ရှိအချိန်ထိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမှုမရှိဘဲကျန် ရှိနေသည့်မြေ ၅ သန်း ၇ သိန်းကျော်ရှိသည်ကိုတွေ့ရှိရကြောင်း၊ ပြီးခဲ့သည့်နှစ်က မိုးစပါး အနေဖြင့် တစ်ဧကလျှင်ပျမ်းမျှ ၇၂ ဒသမ ၆၄ တင်း ခန့်ထွက်ရှိသည်ကို တွေ့ရှိရကြောင်း၊ စိုက်ပျိုးရန်ကျန်ရှိသည့် စိုက်ပျိုးမြေများတွင် ၄ သန်းခန့်ကို သီးထပ် စိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်း ၇၂ ဒသမ ၆၄ တင်းဖြင့် တွက်ချက်မည်ဆိုပါက ၂၈၉ ဒသမ ၅၄ တင်းသန်း ထွက်ရှိမည်ဖြစ်ရာ တစ်တင်း လျှင် ၁၀၀၀၀ နှုန်းဖြင့်တွက် ချက်ကြည့်မည်ဆိုပါက စပါးတင်းသန်း ၂၉၀ အတွက် ဘီလီယံ ၂၉၀၀ ရရှိပြီး တိုင်းပြည် ၏ စီးပွားရေးတိုးတက်လာမည်ဖြစ်ကြောင်း ယင်းကပြောသည်။

 

အလားတူ အခြား သီးနှံများနှင့် ဆီထွက်သီးနှံများကို စိုက်ပျိုးနိုင်မည်ဆိုပါကလည်း စပါးကဲ့သို့များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ နှစ်စဉ်ပြည်ပမှ စားသုံးဆီ များ တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများရှိနေရာ ပြည်တွင်း စားသုံးဆီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဆိုပါက ပြည်တွင်းဆီဖူလုံမှုကို ဖြစ်ပေါ်စေပြီး ထိုမှတစ်ဆင့် စားသုံးဆီများပိုလျှံလာနိုင်မည်ဖြစ်ပြီး နိုင်ငံဂျီဒီပီတိုးတက်နှုန်းကိုလည်း အထောက်အကူပြုစေမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

 

ဝါစိုက်ပျိုးမှုအနေဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ၄ ဒသမ ၅ သိန်းဧကခန့်၊ ၂၀၁၁ ခုနှစ်တွင် ဧက ၈ သိန်းကျော်ရှိခဲ့သောကြောင့် ယခုအခါ ဝါစိုက်ပျိုးမှုများ မြှင့်တင်ရန် အားပေးနေကြောင်း၊ ဆီထွက်သီးနှံစိုက်ပျိုးမှုအနေဖြင့် မြေပဲစိုက်ပျိုးဧက ၃ သန်း၊ နေကြာစိုက်ပျိုး ဧကတစ်သန်း၊ နှမ်းစိုက်ပျိုးဧက ၃ ဒသမ ၅ သန်း စိုက်ပျိုးကြသည့် အထဲတွက် မြေပဲတစ်ခုသာရည်မှန်းချက်ကိုပြည့်မီအောင်ထွက်ရှိကြောင်း၊ လက်ရှိစိုက် ဧကမှ မြေပဲ၊ နှမ်း၊ နေကြာနှင့် ပန်းနှမ်းများကို စနစ်တကျစိုက်ပျိုးပြီး ပန်းတိုင်ရည် မှန်းချက်ကိုပြည့်မီအောင် စိုက်ပျိုးနိုင်မည်ဆိုပါက ဆီတန်ချိန်ပေါင်း ၁ ဒသမ ၃၆၉ သန်းထွက်ရှိမည်ဖြစ်သည်ကိုတွေ့ရှိရကြောင်း လည်း ပြောကြားခဲ့သည်။



#ymg/pl #Local_News #စိုက်ပျိုးမြေလုံလုံလောက်လောက်ရှိ
#YMG #Yangon_Media_Group