#Local_News
Published_ 10 May 2023

ရန်ကုန်တိုင်းဒေသကြီးတွင် မေလ(၁၀)ရက် နေ့လည်ပိုင်းအချိန်တွင် သာကေတမြို့နယ်၊ မြောက်ဥက္ကလာမြို့နယ်၊ တာမွေမြို့နယ်အပါအဝင် မြို့နယ်အချို့၌မိုးများရွာသွန်းခြင်း၊ မိုးခြိမ်းခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်၊၊

 

သင်္ကြန်ကာလမှာရော ကဆုန်လပြည့်နေ့မှာပါ ရန်ကုန်တွင် မိုးရွာသွန်းခြင်းမရှိခဲ့ဘဲ ယခုမှကွက်ကျား မိုးရွာသွန်းခဲ့ခြင်းဖြစ်သည်၊၊

 

"တာမွေမှာအခုနေ့လည်၁နာရီခွဲလောက်စရွာတယ်၊၊ မိုးဖွဲဖွဲလေးကနေ မိုးပေါက်ပေါက်ရွာတယ်၊၊မိုးတွေတော့ခြိမ်းနေတယ်"ဟု တာမွေမြို့နယ်နေပြည်သူတစ်ဦးက ပြောသည်၊၊

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရမေလ(၁၀)ရက် ညနေပိုင်းတွင်တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံအပြား၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်သည်၊၊

 

နောက်(၂)ရက်အတွက်ခန့်မှန်းချက်အနေဖြင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို တွင် နေရာအနှံအပြားနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်၊၊

 

#ymg/tthl #Local_News #ရန်ကုန်တိုင်း #မြို့နယ်အချို့မိုးရွာ
#Yangon_Media_Group