#Local_news
Published_ 10 May 2023


ဝါရှင်တန်မြို့ရှိ ကမ္ဘောဒီးယားသံရုံး၌ မေ ၈ ညရက်တွင် ကျင်းပသည့် အာဆီယံ ကော်မတီ-ဝါရှင်တန်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပညာရေးနှင့် ယဉ်ကျေးမှု ရေးရာဌာန ဒုတိယလက်ထောက်ဝန်ကြီးကိုတည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ် စာစားပွဲသို့ မြန်မာသံရုံးမှယာယီတာဝန်ခံ/သံအမတ် ဦးသက်ဝင်း တက်ရောက်ခဲ့ပါတယ်။

 

အဆိုပါ အလုပ်သဘော နေ့လယ်စာစားပွဲသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေး နှင့် ယဉ်ကျေးမှုရေးရာဌာန ဒုတိယ လက်ထောက် ဝန်ကြီး Ms. Lee Satterfield ၊ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌ သံအမတ်ကြီး H.E. Mr. Ted Osius ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ဒေသရေးရာဌာန၊ နိုင်ငံစုံ ရေးရာရုံးမှ ညွှန်ကြားရေးမှူး Ms. Holly Lindquist Thomas နှင့် သတင်းနှင့်လူထု ဆက်ဆံရေးသံတမန်ရေးရာ ညွှန်ကြားရေးမှူး Mr. Brian Gibel ၊ အမျိုးသားလုံခြုံရေး ကောင်စီမှ အရှေ့တောင်အာရှနှင့် ပစိဖိတ်ကျွန်းနိုင်ငံများဆိုင်ရာ အကြီးတန်း ညွှန်ကြား ရေးမှူး Mr. Edgard Kagan နှင့် ညွှန်ကြားရေးမှူးများနှင့် အမေရိကန်-အာဆီယံ ပို့ချမှုအစီအစဉ်ဆိုင်ရာ ညွှန်ကြားရေးမှူးတို့ တက်ရောက်ခဲ့ကြပါတယ်။

 

ထို့နောက် ကော်မတီအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားသံအမတ်ကြီး H.E. Mr. Keo Chhea မှ ဦးဆောင်၍ တက်ရောက်လာကြသူများက နှစ်ဖက်ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ ယဉ်ကျေးမှုနှင့် ပညာရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။

 

#ygm_mnn #အမေရိကန် #အာဆီယံကော်မတီ၏နေ့လယ်စာစားပွဲ #မြန်မာသံရုံးယာယီတာဝန်ခံ #YMG #Yangon_Media_Group