#Local_News
Published_ 9 May 2023


ပြည်ပသို့တင်ပို့ခွင့်မပြုသည့် ပစ္စည်းများကို ယခင်သြဂုတ်လ ၁၇ရက်နေလထုတ်ပြန်ခဲ့တာဖြစ်ပြီး ယခင်တင်ပို့ခွင့်မပြုသည့်စိန် နေရာတွင် လက်၀တ်ရတနာအဖြစ်ပြုလုပ်ထားခြင်းမရှိသည့် စိန်အလွတ်များ ဟုပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနက ယခုနှစ် မေလ ၄ ရက်နေ့တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

 

ယခင်က တင်ပို့ခွင့်မပြုသည့် ပစ္စည်းများမှာ စိန် ၊ ရေနံစိမ်း၊ ဆင်စွယ်၊ ဆင် မြင်းနှင့် ရှားပါတိရစ္ဆာန်များ၊ လက်နက်ခဲယမ်းမီးကျောက်နှင့်ရှေးဟောင်းပစ္စည်းများဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

 

ယခင် ၁၉၉၉ ခုနှစ်က ပင်လယ်ရေကြောင်းမှ တင်ပို့ခွင့်မပြုသည့် ပစ္စည်း၃၁ မျိုးနှင့် နယ်စပ်ဒေသများမှ တင်ပို့ခွင့်မပြုသည့်ပစ္စည်း ၃၂မျိုး ထုတ်ပြန်ထားရာမှ ၂၀၀၈ ခုနှစ်တွင်ကုန်ပစ္စည်းတချို့အား ဖြေလျော့ခဲ့ပြီး ကုန်ပစ္စည်း၁၅ မျိုးသို့ ပြင်ဖြေလျော့ပေးခဲ့ကြောင်း စီးပွားကူးသန်း၀န်ကြီးဌာနမှသိရသည်။

 

#ymg/ynzw #Local_News #ပြည်ပင်ပတင်ပို့ခွင့်မပြု #စိန်အလွတ်
#YMG #Yangon-Media-Group