#Local_News
Published_ 9 May 2023


ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(190/4-5)တွင် မေလ ၉ ရက်နေ့ (ယနေ့) မနက် ၆နာရီခန့်တွင် ခရီးသည်ယာဉ် Express ကားနှင့် Light Truck ကားနှစ်စီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် Express ယာဉ်ပေါ်ပါ ကျား (၂၆)ဦး၊ မ (၁၂)ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိပေမယ့် Light Truck ယာဉ်ပေါ်ပါ ကျား(၁၅)ဦးအနက် ကျား(၁)ဦးသေဆုံး၊ ကျား(၁၄)ဦးတို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်တိုက်မှုကို ပလွေးအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို 192ယာဉ်၊ ကြက်ခြေနီအသင်းပိုင်ယာဉ်တို့ဖြင့် နေပြည်တော်ကုတင် (၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါသည်။

 

#ymg/ynzw #Local_News #ရန်ကုန်-နေပြည်တော် #ယာဉ်တိုက်မှုဖြစ်
#YMG #Yangon-Media-Group