#Local_News
Published_ 8 May 2023


ဧရာဝတီတိုင်း၊ လပွတ္တာကျေးရွာနေပြည်သူအချို့ ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နိုင်သည့်မုန်တိုင်းအရှိန်သက်ရောက်မှုမှ ကြိုတင်ရှောင်နိုင်ရန်အတွက် လပွတ္တာမြို့ပေါ်နှင့် မြောင်းမြမြို့ပေါ်သို့သွားရောက်နေထိုင်လျက်ရှိကြောင်း လပွတ္တာမြို့နယ်ရှိလူမှုကူညီရေးအဖွဲ့မှ သိရသည်၊၊

 

မြစ်ဝကျွန်းပေါ်ဒေသ၊ လပွတ္တာမြို့ အောက်ဘက်ကျေးရွာများမှ မုန်တိုင်းသက်​ရောက်မှုရှောင် ပြည်သူများသည် မေလ(၆)ရက်ကတည်းက လပွတ္တာမြို့ပေါ်သို့ တက်ရောက်လာနေသလိုမြောင်းမြမြို့သို့လည်း အချို့သွားရောက်ကြသည်ဟုဆိုသည်၊၊

 

လက်ရှိတွင် လပွတ္တာမြို့ပေါ်ရှိ စာသင်တိုက်များ ၊ ဘုန်းကြီးကျောင်းများနှင့်နီးစပ်ရာ မြို့ပေါ်ရပ်ကွက်များသို့မုန်တိုင်းသက်ရောက်မှုမှရှောင်သည့် ပြည်သူ ထောင်နှင့်ချီရောက်ရှိနေပါပြီဖြစ်ကြောင်း လပွတ္တာမြို့နယ်ရှိ Heart laputta နှလုံးသားကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ထံမှသိရသည်၊၊

 

#ymg/tthl #Local_News #ဧရာဝတီတိုင်း #ကျေးရွာနေပြည်သူအချို့
#Yangon_Media_Group