#Local_News
Published_ 8 May 2023

 

သူနာပြုဆရာမကြီးတစ်ဦး မီးပြတ်လို့ အခန်းအတွင်းမီးစက်နှိုးထားရာမှ မီးစက်မှထွက်သည့် မီးခိုးငွေ့ရှူရှိုက်မိပြီး သေဆုံးမှု မန္တလေး အမရပူရမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြို့ခံများမှသိရသည်။

 

မန္တလေးတိုင်း အမရပူရမြို့နယ်၊ တောတွင်ကျေးရွာရှိ စိတ်ကျန်းမာ‌ရေးဆေးရုံဝန်းအတွင်း နေထိုင်သည့် အသက် ၅၀ ကျော်အရွယ်ရှိ သူနာပြုဆရာမကြီးသည် မီးပြတ်လို့ အခန်းအတွင်း အဲကွန်းဖို့ရန် မီးစက်နှိုးထားရာမှ တစ်ဆင့် မီးစက်မှထွက်သည့် မီးခိုးငွေ့များ ရှူရှိုက်မိရာမှ သတိမေ့‌မျောပြီး နေအိမ်ဧည့်ခန်းအတွင်း ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ သေဆုံးမှု မေလ ၇ ရက်နေ့က ဖြစ်ပွားခဲ့တာလို့ လောကပါလလူမှုကူညီရေးအသင်းမှ သိရသည်။

 

သူနာပြုဆရာမကြီးသည် စိတ်ကျန်းမာ‌ရေးဆေးရုံဝန်းအတွင်း (၆)ခန်းတွဲ လိုင်းခန်းရှိ အခန်းအမှတ်(၁)တွင် တစ်ဦးတည်းနေထိုင်သူလည်းဖြစ်ပြီး မီးပြန်လာချိန် မီးစက်မပိတ်လို့ အနီး ပတ်ဝန်းကျင်နေထိုင်သူတွေက သွားပြောချိန် ခေါ်မရလို့ဆိုပြီး သက်ဆိုင်ရာကိုအကြောင်းကြားလိုက်ရာမှ ရဲတွေရောက်လာ စစ်ဆေးချိန်မှာတော့ ပြင်ပဒဏ်ရာမှမရှိဘဲသေဆုံးနေခြင်း ဖြစ်သည်။

 

သေဆုံးသွားတဲ့ သူနာပြုဆရာမကြီးရဲ့ ရုပ်အလောင်းကို ဒေသခံ “လောကပါလ လူမှုကူညီရေးအသင်း” က မော် တော်ယာဉ်နဲ့ မန္တလေးအထွေထွေရောဂါ ကုဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီးမြစ်ငယ် ရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၄/ ၂၀၂၃ ဖြင့်ရေးဖွင့်ကာ ဓမ္မတာအတိုင်း သေ ဆုံးခြင်းဟုတ်မဟုတ် စုံစမ်းစစ်ဆေးဆောင် ရွက်နေတယ်လို့လည်း ဒေသခံတွေက တဆင့်သိရသည်။

 

#ymg/ppk #Local_News #သူနာပြုဆရာမကြီး #မီးခိုးငွေ့ရှူရှိုက်မိပြီးသေဆုံး
#YMG #Yangon-Media-Group