#Local_News
Published_ 8 May 2023


မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား ဗုဒ္ဓဘာသာ သာသနာ အဓွန့်ရှည် ပြန့်ပွားရေး၊ နှစ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

 

အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Smt. Meenakshi Lekhi ၏ ဖိတ်ကြားမှုအရ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် သည် မေ (၆) ရက်၊ နေ့လည်ပိုင်းတွင် နယူးဒေလီမြို့၊ National Gallery of Modern Art ရှိ ၎င်း၏ ရုံးခန်းသို့ သွားရောက်တွေ့ဆုံစဉ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

 

ထို့ပြင် ကျောက်မျက်ရတနာ၊ အထည်အလိပ်နှင့် လက်မှုအနုပညာလုပ်ငန်းကဏ္ဍ များ၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရန် ကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ ကြပြီး အပြန်အလှန် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိ ပါတယ်။

 

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ဟာ သမိုင်းကြောင်းတစ်လျှောက် ခင်မင်ရင်းနှီး ခဲ့ကြတဲ့ အိမ်နီးချင်းတွေ ဖြစ်ကြပါတယ်။

 

#ygm_mnn #Local_News #မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား #ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ #YMG #Yangon_Media_Group