#Local_News
Published_ 7 May 2023

ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(တောင်ပိုင်း) မြို့နယ် အောင်မြင့်မိုရ်အိမ်ရာနှင့် ကျောက်တန်းမြို့နယ် သီလဝါအိမ်ရာရှိ တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ခန်း ၂၀၄ ခန်းကို မေလ ၉ ရက်တွင် မဲနှိုက်ရွေးချယ်ပေးမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါတန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ခန်းများကို ဝယ်ယူလိုသူများ အနေဖြင့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (CHID Bank) တွင် အိမ်ရာစုဆောင်းငွေ ငွေကျပ် သိန်း ၃၀ နှင့် အထက်ရှိရန်လိုကြောင်းနှင့် ယခု မဲနှိုက်ဝယ်ယူနိုင်မည့် သူများမှာ CHID Bankတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ အိမ်ရာစုဆောင်းငွေ ငွေကျပ် သိန်း ၃၀ အထက် စုဆောင်းထားသူ ၂၇၈၈ ဦးထဲမှ စာရင်းပါဝင်သူများဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် ဝယ်ယူရန် စာရင်းပေးထားသူ ၆၉၉ ဦးရှိပြီး ၎င်းတို့ကို မေ ၉ ရက်တွင် ရန်ကုန်မြို့ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီးရုံး) စုဝေးခန်းမ၌ မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း၊ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ လူစုလူဝေးမဖြစ်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အဆိုပါမဲနှိုက်ရွေးချယ်မှုတွင် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ခန်းကို ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

 

#ymg/pl #Local_News #အိမ်ခန်းပေါင်း ၂၀၀ ကျော် #မဲနှိုက်ရွေးချယ်
#YMG #Yangon_Media_Group