#Local_News
Published_ 7 May 2023


အကယ်ဒမီပေးပွဲမှအပြန်ဇာတ်ပို့သရုပ်ဆောင်တစ်ဦးရာသီဥတုကြောင့်ကားပေါ်၌ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှသိရသည်၊၊

 

ကွယ်လွန်သူသည် ဇာတ်ပို့သရုပ်ဆောင် ဦးအောင်သာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် (၆၈)နှစ်ရှိပြီဖြစ်သည်ဟုဆိုသည်၊၊

 

"ရာသီဥတုကြောင့်ပါ၊၊ နေကတအားပြင်းတယ်၊၊ သူက အသက်ကြီးပြီးကျန်းမာရေးမကောင်းဘူး၊၊ကျွန်တော်တို့က ကားတန်းနဲ့ထွက်ရတာ၊၊ ကားတန်းမှာလူတွေ စစ်နေတုန်း မူးပြီးလဲကျသွားတာ၊၊ ကွယ်လွန်သွားတာ၊၊ မနက်(၈)နာရီခွဲမှာဆုံးသွားပါတယ်"ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှတာဝန်ရှိသူတစ်ဦးက YMG ကို အတည်ပြုပြောသည်၊၊

 

ကွယ်လွန်သွားသည့် ဇာတ်ပို့သရုပ်ဆောင် ဦးအောင်သာကို နေပြည်တော်ကုတင်၁၀၀၀ဆံ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြောင်းနှင့်မိသားစုဝင်များကို ဆက်သွယ်ပေးထားပြီဖြစ်ပြီး မိသားစုဝင်များနေပြည်တော်ကိုလိုက်လာပြီး နေပြည်တော်တွင်သဂြိုဟ်သွားမည်ဖြစ်ကြောင်းသိရသည်၊၊

 

လတ်တလောတွင်နေ့အပူချိန်များပြင်းနေပြီး သက်ကြီးရွယ်အိုနှင့်နာမကျန်းဖြစ်သူများ အပူကြောင့် အသက်ဆုံးရှုံးခြင်း၊ သတိလစ်ခြင်းများအဖြစ်များနေကြောင်းသိရသည်၊၊

 

#ymg/tthl #Local_News #အကယ်ဒမီပေးပွဲမှအပြန် #ဇာတ်ပို့သရုပ်ဆောင်တစ်ဦး
#YMG #Yangon_Media_Group