#Local_News
Published _5 May 2023

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းလမ်းဆုံအနီး ခရေပင်လမ်းမပေါ်ရှိ အစာစက်ရုံမှတ်တိုင်ရှေ့၌ ယနေ့ မေလ ၅ ရက် မွန်းလွဲပိုင်းက တွဲကားနှင့် ၁၂ ဘီးကား မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ ယာဉ်ပေါ်ပါ ၅ ဦး ဒဏ်ရာရရှိခဲ့ရာ ၎င်းတို့ထဲမှ တွဲကားယာဉ်မောင်းအမျိုးသားမှာ တွဲကားခေါင်းခန်းအတွင်း ညှပ်မိ‌နေခဲ့သည့် ယာဉ်မောင်းမှာ စိုးရိမ်ဒဏ်ရာရသွားကြောင်းသိရသည်။

 

ယာဉ်တိုက်မှုဖြစ်ပွားရာနေရာသို့ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ အထောက်ကူပြုယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရကြောင်းသိရသည်။

 

ယခုအခါဒဏ်ရာရရှိသူ ၅ ဦးအနက် ယာဉ်မောင်းအပါအဝင် အမျိုးသား ၃ ဦးမှာ အနီရောင်အဆင့် သတ်မှတ်ထားပြီး စိုးရိမ်ရကြောင်း၊ ကျန်နှစ်ဦးမှာ အမျိုးသမီးများဖြစ်၍ အဝါရောင်အဆင့် သတ်မှတ်ထားကြောင်း နှင့် အင်းစိန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#ymg/pl #Local_News #တညင်းကုန်းလမ်းဆုံ #မျက်နှာချင်းဆိုင်တိုက်မိ
#YMG #Yangon _Media_Group