Published 5 May 2023

မြန်မာနိုင်ငံရဲ့ပဋိပက္ခမှာ အဓိကပါဝင်တဲ့ အဖွဲ့အစည်းတွေနှင့် မြန်မာရဲ့ အိမ်နီးချင်း အိန္ဒိယ၊ထိုင်းနှင့်တရုတ်တို့ကို အင်ဒိုနီးရှားအနေနှင့် လပေါင်းများစွာ တိတ်တဆိတ်တွေ့ဆုံ စေ့စပ်ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက မေလ၅ ရက်သောကြာနေ့ကထုတ်ဖော်ပြောကြားလိုက်တယ်လို့ ရိုက်တာသတင်းကရေးသားပါတယ်။

အကြမ်းဖက်မှုတွေပြင်းထန်လာတဲ့အလျောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခု စတင်နိုင်ဖို့ကြိုးစားအားထုတ်မှုတစ်ခုအနေနှင့် ဆောင်ရွက်တာလို့လည်းဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ရိုက်တာသတင်းဌာနကို သီးသန့်ဖြေကြားရာမှာ အာဆီယဥက္ကဋ္ဃအနေနှင့်  အကျပ်အတည်းကိုထိုးဖောက်ကျော်လွှားနိုင်ဖို့ ကြိုးစားအားထုတ်တဲ့အနေနှင့် အခုလို တိတ်တိတ်ဆိတ်ဆိတ်ဆွေးနွေးမှု တွေပြုလုပ်နေတာဖြစ်တယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။  သူ့ရဲ့သံတမန်တွေဟာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေနှင့် အကြိမ်း၆၀ကျော် စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့လည်း အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အဲဒီအဖွဲ့အစည်းတွေထဲမှာ နစက၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနှင့် NUG တို့ပါဝင်ကြတယ်လို့လည်း ရိုက်တာ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ပတ်သက်သူတွေအားလုံးရဲ့ယုံကြည်မှုရရှိရေးဟာ မရှိမဖြစ်လိုအပ်တယ်လို့လည်း သူမကနောက်ပိုင်းပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာပြောကြားခဲ့ပါတယ်။

“ အင်ဒိုနီးရှားဟာ လော်စပီကာမဟုတ်တဲ့ သံခင်းတမန်ခင်းကိုအသုံးပြုနေတယ်တယ်။ ရည်ရွယ်တာကတော့ ပါဝင်ပတ်သက်သူတွေအားလုံး ယုံကြည်မှုတည်ဆောက်နိင်ဖို့ဖြစ်တယ်” လို့လည်း သူမကဆက်လက်ပြောဆိုခဲ့ပါတယ်။

“ တိတ်တိတ်ဆိတ်ဆိတ်ဒီပလိုမေစီဆိုတာ  ဘာမှမလုပ်ဘူးလို့ ဆိုလိုတာမဟုတ်ဘူး။ ပြီးခဲ့တဲ့ လေးလအတွင်း အင်ဒိုနီးရှားဟာ တော်တော်များများလုပ်နိုင်ခဲ့တယ်” လို့ သူမကဆိုပါတယ်။

“ ပါဝင်နိုင်သမျှသူတွေပါဝင်နိုင်ဖို့ ကျွန်မတို့ကြိုးစားနေတယ်။ အင်ဒိုနီးရှားဟာ အဖွဲ့အစည်းတွေအကြား နက်ရှိုင်းပြတ်သားနေတဲ့ ကွာဟမှုတစ်ခုကို လျှော့ချရာမှာ ပေါင်းကူးပေးတဲ့ အခန်းကဏ္ဍကနေကြိုးစားဆောင်ရွက်နေတယ်” လို့လည်း ရက်တ်နိုက ရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်။

မြန်မာနစကနှင့် အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုက ကိုယ်စားလှယ်တွေက သူမရဲ့မှတ်ချက်အပေါ် ဘာတုန့်ပြန်ချက်မှမပေးခဲ့ပေမယ့် NUG ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ သူတို့ဟာ ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲတစ်ခုအတွက် ကြိုးစားနေတဲ့ အာဆီယံဥက္ကဋ္ဌနှင့် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ရိုက်တာကို ပြန်ဖြေကြားခဲ့ပါတယ်။

Ref: Reuter’s Report

-ymg/knl

#YangonMediaGroup

#မြန်မာ့နိုင်ငံရေး

#အာဆီယံဥက္ကဋ္ဌအင်ဒိုနီးရှား