#Local_News
Published_ 4 May 2023

ဖောင်းကြွနံပါတ်ပြားအသစ် ပြောင်းလဲတပ်ဆင်ခြင်း မရှိတဲ့ယာဉ်များ စစ်ဆေးတွေ့ရှိပါက ယခုမေလက စတင်ကာအရေးယူသွားတော့မှာဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှူးဦးစီးဌာနက (ကညန)ကနေ အသိပေးထုတ်ပြန်ထားသည်။

 

ဖောင်းကြွနံပါတ်ပြားအသစ် ပြောင်းလဲတပ်ဆင်ခြင်းမရှိသေးတဲ့ မော်တော်ယာဉ်များ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ဖောင်းကြွနံပါတ်ပြားမှာယူထားကြောင်း အထောက်အထား ပြေစာတင်ပြနိုင်ခြင်းမရှိတဲ့ မော်တော်ယာဉ်များကို မေလမှစတင်ကာ ဒဏ်ငွေတပ်ခြင်းအပြင် မော်တော်ယာဉ် မှတ်ပုံတင်သက်သေခံလက်မှတ်သိမ်းယူခြင်းအထိ အရေးယူမှာဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မော်တော်ယာဉ်များကို မေလဒုတိယပတ်ဖြစ်တဲ့ မေ ၈ ရက်မှ ၁၄ ရက်အတွင်း စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေကျပ် ၅၀၀၀ ဒဏ်တပ်မှာဖြစ်ပြီး မေလ တတိယပတ် မေ ၁၅ ရက်မှစတင်ကာ စစ်ဆေးတွေ့ရှိပါက မော်တော်ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ် (Wheel Tax)ကို သိမ်းယူမည်ဖြစ်ကာ နံပါတ်ပြားအသစ်တပ်ဆင်ပြီးဖြစ်ကြောင်း လာရောက်ပြသနိုင်ချိန်မှာ Wheel Tax ပြန်လည်ထုတ်ပေးမှာဖြစ်ကြောင်း သိရသည်။

 

#ymg/ppk #Local_News #မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြား #အရေးယူမည်
#Yangon-Media-Group