#Local_News
Published_ 4 May2023

ပွဲစားက လိမ်လည်၍ မ‌လေးရှားနိုင်ငံ ကလန်းမြို့နယ်ရှိ တောတွင်းတစ်နေရာတွင် ဒုက္ခရောက်နေသူ မြန်မာနိုင်ငံသား၂ဦးကို ကယ်တင်ခဲ့ရကြောင်း နှလုံးလှပရဟိတအသင်းက သိရသည်။

ပွဲစားက တစ်ဦးစီ ထံမှ ရင်းဂစ် ( ၃၀၀ )ကို လိမ်ယူကာခေတ္တစောင့်ရန် ပြောဆိုထားခဲ့ရာမှာ ပေါ်မလာတော့‌သောကြောင့် တောတွင်း ၌၂ရက်တိတိ ထမင်းငတ်ကာ အိပ်ဒုက္ခရောက်နေခဲ့ရကြောင်း သိရသည်။

"ကောင်လေး ၂ယောက် မှာ အသိမိတ်ဆွေတွေကလည်းမရှိ၊ ကံဆိုးချင်တော့ ဖမ်းမသွားတာဘဲရှိတာ၊ ပါတာတွေအကုန်ယူသွားတယ်။ရဲဖမ်းမှာကြောက်တာကလည်းတစ်မျိုး၊ သွားစရာနေရာလည်းမရှိ တောထဲမှာ ၂ရက်တိတိ ထမင်းမစားရ၊ အိပ်လည်းမရ ဒုက္ခရောက်နေခဲ့ကြပါတယ်"ဟု နှလုံးလှပရဟိတအသင်းက သိရသည်။

အဆိုပါလူငယ်၂ဦးမှာ နေပြည်တော်မှ ၁ ဦးနှင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ ၁ဦးဖြစ်ကြောင်းလည်း သိရသည်။

#ymg/pl
#Local_News #ပွဲစားကလိမ်လည် #မ‌လေးရှားနိုင်ငံ #ဒုက္ခရောက်နေသူမြန်မာနိုင်ငံသား၂ဦး
#YMG #Yangon_Media_Group