#Local_News
Published-24 April 2023

 

ရန်ကုန်တိုင်းဒေသကြီး၊ မဂ်လာတောင်ညွန့်မြိုနယ်၊ ပုဇွန်တောင်ဘူတာ ပလက်ဖောင်း ပေါ်ရှိ လူကူးတံတားအောက်တွင် ဧပြီလ ၂၄ရက်က အသက်၃၀ ဝန်းကျင်အမျိုးသား ၁ဦး ငုတ်တုတ်ထိုင်လျက် သေဆုံးနေကြောင်း မဂ်လာတောင်ညွန့်လူငယ်လူမှုကူညီရေးအသင်းကသိရသည်။

 

ဧပြီလ ၂၄ ရက်(ယနေ့)နံနက် ၈နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူအမျိုးသား၏ အမျိုးသား၏ နေရပ်၊ လိပ်စာကိုမသိရှိရသေးကြောင်းနှင့် အိမ်ခြေမဲ့ဟုယူဆရကြောင်းလည်း သိရသည်။

 

"အမျိုးသား ၁ ဦး သေဆုံးနေတယ်လို့ အသင်းကိုအကြောင်းကြားလာတာကြောင့် သွားရောက်ကူညီပေးခဲ့ပါတယ်။ သေတာက အရက်သောက်ထားတာရေ၊ ရာသီဥတုဒဏ်ကြောင့်လည်း ဖြစ်နိုင်တယ်လို့ယူဆရတယ်"ဟု မဂ်လာတောင်ညွန့်လူငယ်ပရဟိတအသင်းက သိရသည်။

 

အဆိုပါ သေဆုံးသူ အမျိုးသားအား မဂ်လာတောင်ညွန့်လူငယ်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ ကျီတော်အသင်းနှင့်ပူးပေါင်းချိတ်ဆက်ကာ Dead Body အား ကောက်ယူ၍ တာဝန်ရှိသူများက ပူးပေါင်းမှတ်တမ်းရယူပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။

 

#ymg/mt #Local_News #ပုဇွန်တောင်ဘူတာ #သေဆုံး
#YMG #Yangon-Media-Group