#Local_News
Published_ 24 April 2023

EV Express ကားများဖြင့် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးခရီးစဉ်တွေကို ပထမဦးဆုံးစတင်ပြေးဆွဲပေးမည်ဖြစ်ကြောင်း မန္တလာမင်း ခရီးသည်ပို့ဆောင်ရေးကုမ္ပဏီမှ သိရသည်။

 

EV Express ကားများသည် လေထုညစ်ညမ်းမူနှင့် အပူချိန်မြင့်တက်မူမရှိသည့်အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့ချနိုင်မှာဖြစ်ကြောင်း သိရသည်။

 

လက်ရှိမှာ EV Express ကားတွေကို မှာယူထားပြီး ပြည်တွင်းရောက်ရှိပါက ကား ၈ စီးနဲ့စတင်ပြေးဆွဲပေးမှာဖြစ်ကြောင်း မန္တလာမင်း ခရီးသည်ပို့ဆောင်ရေးမှာ တာဝန်ရှိသူတစ်ဦးက YMG ကိုပြောသည်။

 

EV ကားများအတွက် အားသွင်းစက်များကို ရန်ကုန်၊ နေပြည်တော် အမြန်လမ်း (ဝ) မိုင် - (၁၁၅) မိုင် - (မိုင်-၂၀၀) တွေမှာရှိသည့် Charging Stations များမှာ တစ်နှစ် အခမဲ့ အားသွင်းနိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ထားသည်။ လျှပ်စစ်ကား(EV )အတွက် pliot project စက်သုံးဆီဆိုင် ၃၈ ဆိုင်အပါအဝင် အားသွင်းတဲ့ နေရာ ၁၅၀ လောက်ထိ တပ်ဆင်ဖို့ရှိနေတယ်လို့ သိရပါသည်။

 

#ymg/yn #Local_News #မန္တလာမင်း #EV Express #ပထမဆုံးပြေးဆွဲ
#YMG #Yangon-Media-Group