#Local_Sport
Published_ 24 April 2023

 

မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၇ အသင်းသည် မနက်ဖြန် ဧပြီ ၂၄ ရက်၊ မြန်မာစံတော်ချိန် ည (၈) နာရီခွဲတွင်၊ ကာဂျစ္စတန်နိုင်ငံ၊ ဘစ်ရှ်ကက်မြို့၊ Dolen Omurzakov ကွင်း၌ ပထမအဆင့် ခြေစစ်ပွဲ အဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင် ကာဂျစ္စတန်နှင့် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး ဒုတိယပွဲစဉ်အဖြစ် ဧပြီ ၂၈ ရက်၊ မြန်မာစံတော်ချိန် ည (၈:၃၀) နာရီတွင် အိန္ဒိယအသင်းနှင့် ယှဉ်ပြိုင်ကစား ရမှာဖြစ်ပါတယ်။

 

ကာဂျစ္စတန်နိုင်ငံတွင် ဧပြီ ၂၄ ရက်မှ ၂၈ ရက် အထိကျင်းပမည့် ၂၀၂၄ အာရှအမျိုးသမီး ယူ-၁၇ ပြိုင်ပွဲ၊ ပထမအဆင့် ခြေစစ်ပွဲ မတိုင်မီ မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၁၇ အသင်း နည်းပြချုပ်ဦးသန်းဝေသည် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ပြီး မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

 

မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၁၇ အသင်း နည်းပြချုပ် ဦးသန်းဝေက" ၂၀၂၄ အာရှအမျိုးသမီး ယူ-၁၇ ပြိုင်ပွဲ၊ ပထမအဆင့် ခြေစစ်ပွဲစဉ်အတွက် ပြင်ဆင်ချိန် နှစ်လလောက်သာရပေမယ့် အကောင်းဆုံး ကစားနိုင်မယ့်လို့ မျှော်လင့်ထားပါတယ်။ ဒီပြိုင်ပွဲမတိုင်မီ အသင်းက ကစားသမားအများစုကလည်း ဂျပန်နိုင်ငံကို သွား ရောက်ပြီး ခြေစမ်းကစားထားတဲ့ အတွေ့အကြုံရှိထားပါတယ်" လို့ ပြောကြားပါတယ်။

 

ဆက်လက်၍ "ကျွန်တော်တို့နဲ့တွေ့ရမယ့် နှစ်သင်းစလုံးဟာအသင်း ကောင်းတွေ ဖြစ်ကြပါတယ်။ ကာဂျစ္စတန်ဟာ အိမ်ရှင်ဖြစ်တာ ကြောင့် အထူးပြင်ဆင်ထားမှာဖြစ်သလို အိန္ဒိယကလည်း တိုးတက်လာတဲ့အသင်း ဖြစ်ပါတယ်။ ခြေစစ်ပွဲအောင်ဖို့ တစ်ပွဲချင်း အာရုံစိုက် ပြင်ဆင် သွားမှာ ဖြစ်ပါတယ်။ အကောင်းဆုံးရလဒ်ယူနိုင်ဖို့ ကြိုးစားသွားမှာပါ" လို့ ဆိုပါတယ်။

 

အိမ်ရှင်ကာဂျစ္စတန်နှင့် မြန်မာအသင်းတို့ ကစားမည့်ပွဲစဉ်ကို Kyrgyz Sport TV Youtube မှ တစ်ဆင့် တိုက် ရိုက်ပြသပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

#ygm_mnn #Local_Sport #မြန်မာအမျိုးသမီး #အိမ်ရှင်ကာဂျစ္စတန်
#YMG #Yangon_Media_Group