#Local_News
Published_ 20 April 2023

 

မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်လူနာသစ်တွေ့ရှိမှုအနည်းငယ်မြင့်လာပြီးတစ်ရက်အတွင်း ပြည်ပမှဝင်ရောက်လာသူရော၊ပြည်တွင်းတွင်ကူးစက်ခံရသူပါ ကိုဗစ်လူနာသစ်စုစုပေါင်း(၃၉)ဦးတွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရသိရသည်၊၊

 

ဧပြီ (၁၈) ရက် ည ၈ နာရီကနေ ဧပြီ (၁၉) ရက် ည ၈ နာရီ အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၂,၄၈၉)ခုကို စစ်ဆေးခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာသစ်(၃၉)ဦးတွေ့ရှိရခြင်းဖြစ်သည်၊၊

 

ဓာတ်ခွဲအတည်ပြုလူနာသစ်များထဲတွင် (၂၄ )ဦးသည် ပြည်ပမှဝင်ရောက်လာသူများကို ဓာတ်ခွဲစစ်ဆေးရာမှတွေ့ရှိရခြင်းဖြစ်ပြီး ကျန်(၁၅)ဦးကတော့ ပြည်တွင်းတွင် ကူးစက်ဖြစ်ပွားသူများဖြစ်သည်ဟုဆိုသည်၊၊

 

နိုင်ငံတကာသတင်းများအရမြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံဖြစ်သောအိန္ဒိယနိုင်ငံတွင် ကိုဗစ်မျိုးကွဲပိုးသစ်ဖြစ်သည့် XBB 1.16 အပါ အဝင်ကိုဗစ်ကူးစက်မှုများမြင့်မားနေဆဲဖြစ်၍ သတိပြုနေထိုင်ကြရန်လိုအပ်ကြောင်း သိရသည်၊၊

 

#ymg/tthl #Local_News #ကိုဗစ်ပိုးတွေ့ #YMG
#Yangon_Media_Group