#Local_News
Published_ 20 April 2023

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၃)ရန်ပြေရပ်ကွက် ရန်ပြေလမ်းမပေါ် တိုးချဲ့(၁)လမ်းထိပ်တွင် လူတစ်ဦးလဲကျသေဆုံးနေကြောင်း သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့က ထုတ်ပြန်ထားသည်။

 

ယင်းမှာ အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦး ဖြစ်ကြောင်း၊ယနေ့ ဧပြီလ ၂၀ ရက် နံနက်ပိုင်းက လဲကျသေဆုံးနေသည်ကို တွေ့ရှိသည့်အတွက် ရပ်ကွက်နေပြည်သူများက အကြောင်းကြားလာ၍ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့က သွားရောက် ကူညီခဲ့ရကြောင်း သိရသည်။

 

၎င်းသေဆုံးနေသော အမျိုးသားတွင် ပြင်ပဒဏ်ရာ မတွေ့ရှိကြောင်း၊ ရုပ်အလောင်းကို အောင်နိုင်သူလူမှုကူညီရေးအသင်းကားဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

 

#ymg/mt #Local_News #သာကေတ #YMG
#Yangon_Media_Group