#Local_News
Published_ 19 April 2023

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ နီလာရပ်ကွက်ရှိ စက်သုံးဆီသိုလှောင်ရောင်းချသည့်အိမ် ဧပြီလ(၁၉)ရက်တွင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်၊၊

အဆိုပါမီးလောင်ကျွမ်းမှုကို စစ်ကိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ စိန်ကုန်းအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ထုံးဘိုအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ နီလာနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ မီးငြှိမ်းသတ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ၀၇ ၀၀အချိန်မီးငြိမ်းခဲ့ကြောင်းသိရသည်၊၊


ymg/tthl
#Local_News #စစ်ကိုင်း # စက်သုံးဆီသိုလှောင်ရောင်းချ #အိမ်မီးလောင်
#YMG #Yangon_Media_Group