Published_ 13 April 2023

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူအပါအဝင် နိုင်ငံကြီး (၇) နိုင်ငံ က ပဇီကြီးကျေးရွာ တိုက်ခိုက်ချေမှုန်းခံရမှုနှင့်ပတ်သက်၍  ဖြစ်စဉ်အမှန်ကို လစ်လျူရှုကာ ကန့်ကွက်ရှုတ်ချမှုများပြုလုပ်နေတာဖြစ်တယ်လို့ နစက,က ပြောပါတယ်။

ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ဧပြီ (၁၁)ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ကလေးသူငယ်များအပါအဝင်အရပ်သားများ သေဆုံးရမှု အပေါ် ကုလသမဂ္ဂ၊အမေရိကန်၊ဗြိတိန်နှင့် အာဆီယံ ဥက္ကဋ္ဌအင်ဒိုနီးရှားနိုင်ငံအပါအဝင် နိုင်ငံအချို့က ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ပြောဆိုထားကြပါတယ်။

အဆိုပါ ရှုတ်ချပြောဆိုမှုများအပေါ်  နစက,က ယခုလို ပြန်လည်တုန့်ပြန်ပြောဆိုလာခြင်းဖြစ်ပြီး အဆိုပါ နိုင်ငံကြီးများအနေဖြင့် အရှေ့အလယ်ပိုင်းဒေသအပါအဝင် ဖြစ်ပွားနေ သော ကမ္ဘာ့ရေးရာ ပဋိပက္ခများတွင် မိမိတို့၏ ကိုယ်ကျိုးစီးပွားများနှင့် ရနိုင်သည့် အခွင့်အလမ်းအပေါ်မူတည်၍ ရေငုံနှုတ်ပိတ်နေလျက်ရှိသည်ကိုလည်း တွေ့ရှိရတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ နိုင်ငံကြီးများအနေဖြင့် အရှေ့အလယ်ပိုင်းဒေသအပါအဝင် ဖြစ်ပွားနေ သော ကမ္ဘာ့ရေးရာ ပဋိပက္ခများတွင် မိမိတို့၏ ကိုယ်ကျိုးစီးပွားများနှင့် ရနိုင်သည့် အခွင့်အလမ်းအပေါ်မူတည်၍ ရေငုံနှုတ်ပိတ်နေလျက်ရှိသည်ကိုလည်း တွေ့ရှိရကြောင်း၊ဒီမိုကရေစီနှင့် ပြည်သူ ဟု ကြွေးကြော်နေသော်လည်း မြန်မာနိုင်ငံ၏ လက်ရှိ ပကတိအခြေအနေကို မှန်ကန်စွာမသုံးသပ်ဘဲ အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များကို သွယ်ဝိုက်၍သော် လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း အားပေးအားမြှောက်ပြု၍ နိုင်ငံငယ်များ အပေါ် ကြီးနိုင်ငယ်ညှင်း အနိုင်ကျင့် နှိပ်ကွပ်လျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်ကဆိုပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်များကို  အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးဆိုင်ရာ ဒေသအလိုက်ထိတွေ့ တိုက်ခိုက်မှု စည်းမျဉ်းများ(Rules of Engagement-ROE)ကိုလည်း ထုတ်ပြန်ပေး ထားပြီး ယင်းအတိုင်းလိုက်နာဆောင်ရွက်ကာ အဆိုပါအကြမ်းဖက်ဌာနချုပ် ဖွင့်လှစ်ရန် လျာထား သည့် ပဇီကြီးကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အပြီးသတ် ရှင်းလင်းရန် ဆောင်ရွက်နေဆဲဖြစ်တယ်လို့လည်း နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ ဝန်းကျင်သည် KIA သောင်းကျန်းသူနှင့် PDFအမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်း၍ စစ်ကိုင်းတိုင်းမြောက်ခြမ်း အဓိက စစ်ရေးလှုပ်ရှားရာနှင့် စစ်ကိုင်းတိုင်းတောင်ခြမ်းသို့ လက်နက်/ခဲယမ်းများနှင့် လေ့ကျင့်ပြီးအကြမ်းဖက်သမားစေလွှတ်ရာ လမ်းကြောင်းပေါ်ရှိ အဓိက စခန်းထောက်နေရာ ဖြစ်ကြောင်း၊ ဆက်သွယ်ရေးမြောင်းများဖြင့် စစ်အခြေချစခန်းသဖွယ် တည်ဆောက်ထားပြီး မိုင်းများလည်း ပတ်လည်ထောင်ထားကြောင်း၊ တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့သောနေရာတွင် PDF အရေးကြီးခေါင်းဆောင်နှင့် KIA သောင်းကျန်းသူများ၊ PDFအမည်ခံ အကြမ်းဖက်သမားများ စုဝေးရောက်ရှိနေကြောင်းတို့ကို သတင်းအတိအကျရရှိသဖြင့် ကျေးရွာအပြင်ဘက်တွင် သီးခြားတည်ရှိနေသော စစ်ဘက်ပစ်မှတ်တစ်ခုအနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖြင့် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ymg/mt

Yangon_Media_Group