#Local_News
Published_ 12 April 2023

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် ယမန်နေ့ (ဧပြီ ၁ဝ) ရက် ညနေပိုင်းက YBS ယာဉ်ကို တားနေစဉ် တိုက်မိပြီး ကားဘီးဖြင့် ကြိတ်မိမှုကြောင့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးသေဆုံးသွားတယ်လို့ အေးရိပ်မွန်လူမှုကူညီရေးအသင်းမှသိရသည်။

 

လှိုင်မြို့နယ်၊ ဗဟိုလမ်းမ၊ မြတ်လေးရုံလမ်းထိပ်မှာ ဧပြီ၁၀ရက်နေ့ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်ကအဆိုပါ ဖြစ်စဉ် ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

 

“ကားစီးမလို့တားရင်းအတိုက်ခံရတာ ၊ ဒါဏ်ရာတွေနဲ့ ပွဲချင်းပီးသေသွားတာ”လို့ အေးရိပ်မွန်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

တိုက်မိသည့်ယာဉ်မှာ YBS 22 ခရီးသည်တင်ယာဉ်ဖြစ်ပြီးတော့ သေဆုံးအမျိုးသားကိုရန်ကုန်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကာ မိသားစုနှင့် ဆက်သွယ်ပေးထားကြောင်း သိရသည်။
ymg/ppk
#Local_News #လှိုင်မြို့နယ် #YBS၂၂ယာဉ် #တားစီးစဉ်တိုက်မိ
#YMG #Yangon_Media_Group