#Local_News
Published_ 8 April 2023

ရန်ကုန်ဆိပ်ကမ်းသို့ လျှပ်စစ်သုံးမော်တော်ယာဉ် အစီး ၅၀ နှင့် အားသွင်းစက် အစုံ ၂၀ ထပ်မံရောက်ရှိခဲ့ကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက သိရသည်။

 

အဆိုပါယာဉ်များကို ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Earth Renewable Energy Co., Ltd. မှ တင်သွင်းလာခြင်းဖြစ်ပြီး အမျိုးအစားမှာ Honda ENS1 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ ဖြစ်ကြောင်း သိရသည်။

 

အလားတူ လျှပ်စစ်သုံးယာဉ်များအတွက် အားသွင်းစက် အစုံ ၂၀ လည်း ရောက်ရှိခဲ့ကြောင်း ၊ယင်းတွင် Grand Sirius Co., Ltd. မှ တင်သွင်းလာသောတရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger) 60KW (၁၅) စုံနှင့် Chin Dwin Shan Contruction Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger) 60KW (၅) စုံ ဖြစ်ကြောင်းသိရသည်။

 

ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသော ယင်းမော်တော်ယာဉ်များနှင့် အားသွင်းစက်များကို ဧပြီလ ၇ ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း၊ယင်းလျှပ်စစ်သုံးမော်တော်ယာဉ်များ၊အားသွင်းစက်များ တင်သွင်းမှုများအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။

ymg/mt
#Local_News #လျှပ်စစ်သုံးမော်တော်ယာဉ် #အားသွင်းစက်
#YMG #Yangon_Media_Group