#Loca_News
Published_ 8 April 2023

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြရတနာရပ်ကွက်၊ ရွေးမြစ်(မြောင်းမြ)မြစ်အတွင်း ရေယာဉ် (၁) စီး မီးလောင်မှု ဧပြီလ ၇ ရက်က ဖြစ်ပွားခဲ့ရာ (၃) ဦးဒဏ်ရာရသည့်ထဲတွင် အမျိုးသမီးတစ်ဦးစိုးရိမ်ရကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနချုပ် က သိရသည်။

 

မီးလောင်မှုကြောင့် အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)တို့အား သစ္စာရှင်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မြောင်းမြမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

 

အဆိုပါမီးလောင်မူကို မြောင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ အပေါ့စားမီးသတ်စက်(၂)လုံး၊ စက်လှေ(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ymg/ynzw
#Loca_News #ရွေးမြစ် #ရေယာဉ်မီးလောင် #အမျိုးသမီးတစ်ဦးစိုးရိမ်ရ
#YMG #Yangon_Media_Group