#Local_News
Published_ 4 April 2023

ကုမ္ပဏီအသစ်အဖြစ် စတင်မှတ်ပုံတင်မည့်သူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်လိုက်သည်၊၊

 

ထုတ်ပြန်ချက်တွင် ကုမ္ပဏီများနှင့်ဒါရိုက်တာများ၊ ပါဝင်သူများအနေဖြင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများအား လိုက်နာမှုရှိ မရှိ စိစစ်နိုင်ရန်နှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များအား အထောက်အပံ့ပြုနိုင်ရေးအတွက် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၉၇ အရ ကုမ္ပဏီတစ်ခု စတင်မှတ်ပုံတင်ပြီးနောက် နှစ်လအတွင်းတင်ပြရမည့် နှစ်စဉ်အစီရင်ခံ တင်ပြသည့်အချိန်တွင် ပူးတွဲတင်ပြရမည့်အချက်များကိုဖော်ပြထားသည်၊၊

 

ပူးတွဲတင်ပြရမည့်အချက်များအနေဖြင့်
(က) ကုမ္ပဏီအမည်ဖြင့် ဘဏ်စာရင်းတစ်ခု ဖွင့်လှစ်ရမည်ဖြစ်ပြီး MyCO စနစ်တွင် တင်ပြထားသော အစုရှယ်ယာများ၏ ပေးချေရန်တန်ဖိုး- (Paid up capital) အတိုင်း ဘဏ်စာရင်းတွင် ထည့်သွင်းပြီးကြောင်း အထောက်အထား၊

 

(ခ) ကုမ္ပဏီဒါရိုက်တာအဖြစ် ဖော်ပြထားသော တစ်ဦးချင်းစီအတွက် အောက်ဖော်ပြပါ အချက်အလက်များ-
(၁) နိုင်ငံသားစိစစ်ရေးကတ် မိတ္တူနှင့် ပုံစံ “က” တွင်ဖော်ပြထားသည့် ဒါရိုက်တာ၏ နေရပ်လိပ်စာတွင် အမှန်တကယ်နေထိုင်ကြောင်း သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့၏ ထောက်ခံချက်၊
(၂) နိုင်ငံခြားသားများအတွက် “၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ၊ မှတ်ပုံတင်ရေး စည်းကမ်း ဥပဒေများ”နှင့်အညီဆောင်ရွက်ထားရှိသောအထောက်အထား(ဥပမာ- immigration Form-C)၊

 

(ဂ) MyCO စနစ်တွင် ဖော်ပြထားသည့် ကုမ္ပဏီ၏ မှတ်ပုံတင်ရုံးခန်းလိပ်စာသည် မြေပြင်တွင် အမှန်တကယ်တည်ရှိကြောင်းနှင့် ကုမ္ပဏီရုံးခန်းဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်ထားကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့၏ ထောက်ခံချက်၊

 

(ဃ) ကုမ္ပဏီ၏ မှတ်ပုံတင်စာရင်းတွင်ဖော်ပြထားသည့် ကုမ္ပဏီ၏ ပါဝင်သူ (အစုရှယ်ယာရှင်) သည် လူပုဂ္ဂိုလ် (natural person) ဖြစ်ပါက အထက်အပိုဒ်ခွဲ (ခ) ပါ အထောက်အထားများ၊

 

(င) ကုမ္ပဏီ၏ မှတ်ပုံတင်စာရင်းတွင်ဖော်ပြထားသည့် ကုမ္ပဏီ၏ပါဝင်သူ (အစုရှယ်ယာရှင်) သည် ဥပဒေရေးရာပုဂ္ဂိုလ် (legal person)/တရားဝင်အဖွဲ့အစည်း(Legal entity) ဖြစ်ပါက အဖွဲ့အစည်းနှင့် သက်ဆိုင်သော အထောက်အထားများ တင်ပြရမည် ဖြစ်သည်ဟုဆိုသည်၊၊

 

ကုမ္ပဏီအသစ်တစ်ခု စတင်မှတ်ပုံတင်သူများအနေဖြင့် အထက်ဖော်ပြပါ အချက်များကို ဤအသိပေး ကြေညာချက်ထုတ်ပြန်သည့်နေ့မှစ၍ အပြည့်အဝ လိုက်နာဆောင်ရွက်၍ This email address is being protected from spambots. You need JavaScript enabled to view it. သို့ ပြန်လည်တင်ပြလာပြီး နောက်မှသာ မှတ်ပုံတင်အရာရှိ အနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၉၇ အရ ကုမ္ပဏီစတင် မှတ်ပုံတင်ပြီးနောက် နှစ်လအတွင်းတင်ပြရမည့် နှစ်စဉ်အစီရင်ခံစာတင်ပြခြင်းကို ခွင့်ပြုသွားမည်ဖြစ်ပါကြောင်းနှင့် အပြည့်အဝ လိုက်နာဆောင်ရွက်ခြင်းမရှိသော နှစ်စဉ်အစီရင်ခံစာတင်ပြမှုများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၄၃၀ (ဃ) အရ ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း အသိပေးကြေညာထားကြောင်းသိရသည်၊၊


ymg/tthl
#Local_News #ကုမ္ပဏီအသစ် # စတင်မှတ်ပုံတင်မည့်သူများ #လိုက်နာဆောင်ရွက်ရမည့်အချက်များ #YMG #Yangon_Media_Group