#Local_News
Published_ 31 March 2023

မတ်လ ၂၉ ရက်နေ့ က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ လမ်းသွယ်(၅)နေ မနူးမိုင် ငှားရမ်းနေထိုင်သည့် နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ အခန်းအတွင်းမှ စိတ်ပြောင်းဆေးဝါးများရောစပ်ထားသောအမှုန့် (Happy Water)အလေးချိန် ၁၂၅ ဂရမ်အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

 

ထပ်မံထွက်ဆိုချက်အရ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများရောစပ် ထားသောအမှုန့်(Happy Water)အလေးချိန် ၉၀၀ ဂရမ်၊ စုစုပေါင်း စိတ်ပြောင်းဆေးဝါးများရောစပ်ထားသောအမှုန့် (Happy Water)အလေးချိန် ၁.၀၂၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၂၃၀)အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

 

တရားခံဖြစ်သူ မနူးမိုင်(၂၅)နှစ်အား ပလနနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ သိရသည်။

ymg/ppk
#ကချင်ပြည်နယ် # မြစ်ကြီးနားမြို့ #(Happy Water) စိတ်ပြောင်းဆေးဝါး #ဖမ်းဆီးရမိ
#YMG #Yangon_Media_Group