#Local_News
Published_ 1 April 2023

ဓာတ်အားလိုင်းချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်ရှိ၍ မြို့နယ်အချို့၌ ဧပြီလ(၁)ရက်နှင့်(၂)ရက်နေ့များတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ရှိမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးထုတ်ပြန်ထားသည်၊၊

 

ထုတ်ပြန်ချက်တွင် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ၂၃၀ ကေဗွီ ၊ ခရမ်းပင်မဓာတ်အားခွဲရုံ၏ အဝင် / အထွက် ဓာတ်အားလိုင်း နှင့် ၂၃၀ ကေဗွီ၊ ကမာနတ် - သီလဝါဓာတ်အားလိုင်းအား ချိတ်ဆက်ခြင်း လုပ်ငန်းကို (၁.၄.၂၀၂၃) ရက်နေ့ ၊ နံနက် (၀၆:၀၀) နာရီအချိန်မှ (၁၉:၀၀) နာရီအချိန်အထိလည်းကောင်း၊ (၂.၄.၂၀၂၃) ရက်နေ့၊ နံနက် (၀၆:၀၀) နာရီအချိန်မှ (၁၉:၀၀) နာရီအချိန်အထိလည်းကောင်း ဓာတ်အားပိတ်၍လုပ်ငန်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ......

 

သို့ဖြစ်ပါ၍ အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်ကာလအတွင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်၊ ခရမ်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ်များတွင် ယာယီဓာတ်အား ပြတ်တောက်မှု ရှိမည်ဖြစ်ပါကြောင်းနှင့် အရေးကြီးနေရာများ ဓာတ်အားပြတ်တောက်မှု မရှိစေရေးကို အလေးထား ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ကြောင်း ဖော်ပြထားသည်၊၊


ymg/tthl
#မြို့နယ်အချို့တွင်လျှပ်စစ်ဓာတ်အားပြတ်တောက်ရန်ရှိ
#YMG #Yangon_Media_Group