#Local_News
Published_ 31 March 2023

 

မန္တလေးမြို့၌ လူသတ်ဓားပြတိုက်မှု ကျူးလွန်သူ ၄ ဦးအား ဖမ်းမိခဲ့ပြီးနောက် ၂ ဦးကို ၄င်းတို့သိမ်းဆည်းထားသည့် လက်ပစ်ဗုံးနှစ်လုံးအား ယမန်နေ့ညက လိုက်လံပြသခိုင်းစဉ် ပြန်လည်ခုခံသဖြင့် လုံခြုံရေးအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရာ ၂ ဦးစလုံး နေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။

 

ဓားပြမှုဖြင့် ဖမ်းမိသူ ၄ ဦးအား စစ်ဆေးရာမှ ဖောက်ခွဲရန် ဗုံးနှစ်လုံးအား သိမ်းဆည်းထားကြောင်း သိရသဖြင့် မတ် ၃၀ ရက်၊ ယမန်နေ့ ညပိုင်းက ဖမ်းမိထားသူ အမျိုးသား ၂ ဦးအား လုံခြုံရေးအဖွဲ့များက ခေါ်ဆောင်ကာ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ) ရပ်ကွက်၊ ၁၃၁ လမ်း၊ ၄၈ နှင့် ၄၉ လမ်းကြားရှိ သစ်ပင်တစ်ပင်အောက်သို့ သွားရောက်ရှာဖွေခဲ့သည်ဟု သိရသည်။

 

ထိုသို့ ရှာဖွေစဉ် ဖမ်းမိထားသူ တစ်ဦးက လက်ထိပ်ခတ်ထားသည့် လက်ဖြင့် လုံခြုံရေးအဖွဲ့ဝင်တစ်ဦး၏ သေနတ်အား လုကာ ပြန်လည်ခုခံရန် ကြိုးစားသဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး၊ ကျန်ဖမ်းမိထားသူတစ်ဦးမှာလည်း လက်ပစ်ဗုံး၏ ကလစ်အား ဖြုတ်၍ ဖောက်ခွဲရန် ကြိုးစားသဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နှစ်ဦးစလုံး နေရာ၌ပင် သေဆုံးခဲ့ကြောင်း လုံခြုံရေးအဖွဲ့က သိရသည်။

 

အဆိုပါ ဓားပြမှုဖြင့် ဖမ်းဆီးရမိသူ အမျိုးသား ၄ ဦးမှာ အမရပူရမြို့နယ်၊ ကျေးရွာတစ်ရွာတစ်ရွာတွင် ဓားပြတိုက်ကာ နေအိမ်၌ရောက်ရှိနေသူ အိမ်ရှင်၏ မောင် တော်စပ်သည့် ဒုရဲမှူးတစ်ဦးကို သတ်ဖြတ်ကာ ရွှေထည်နှင့်ငွေများ လုယက်သွားခဲ့မှု၊ မန္တလေးရှိ နာမည်ကြီး ဒေါ်တောမုန့်တီဆိုင်အား ဓားပြတိုက်ကာ ရွှေထည်များ လုယက်မှု၊ ချမ်းအေးသာစံမြို့နယ်၌ ဖွင့်လှစ်ထားသည့် စိန်ကျော်မိုး ရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေး ဆိုင်ရှေ့တို့တွင် ငွေကျပ်သိန်းထောင်ချီ လုယက်ခဲ့သဖြင့် ဖမ်းဆီးထားခြင်း ဖြစ်သည်။

 

#ymg/ppk #Local_News #မန္တလေး #ဓားပြ၄ဦး #သက်သေခံပစ္စည်း #YMG
#Yangon-Media-Group